Connect with us

Asia

ထိုင်းနိုင်ငံတွင် စီးပွားရေးပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ စားသုံးသူယုံကြည်စိတ်ချမှုအညွှန်းကိန်း ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့

ထိုင်းနိုင်ငံ ပတ္တရားရှိ ကမ်းခြေတွင် အလှစွန်နှင့် ဓာတ်ပုံရိုက်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ စားသုံးသူယုံကြည်စိတ်ချမှုအညွှန်းကိန်း (CCI) သည် ဖေဖော်ဝါရီလတွင် ၉ လဆက်တိုက် မြင့်တက်လျက်ရှိပြီး ၎င်းမှာအစိုးရ၏ စဉ်ဆက်မပြတ်ဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းပြန်လည်နာလန်ထူမှုနှင့် လောင်စာဆီဈေးနှုန်းများ လျှော့ချပေးခြင်း စသည်တို့ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မတ် ၉ ရက်၌ ထုတ်ပြန်သည့် စစ်တမ်းအရ သိရသည်။ CCI သည် ဇန်နဝါရီလက ၅၁.၇. ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင်မူ ၅၂.၆ မြင့်တက်လာခဲ့ကာ ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း ထိုင်းနိုင်ငံတစ်ဝန်းရှိ ဖြေဆိုသူ ၂,၂၃၉ ဦးကို ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် (UTCC) မှ ပြုလုပ်သော စစ်တမ်းအရ သိရသည်။ (Xinhua)

………………………………
(English Version)
Thailand’s consumer confidence hits 3-year high amid economic recovery
Thailand’s consumer confidence index (CCI) rose for a ninth consecutive month in February, driven by government stimulus measures, tourism recovery and easing fuel prices, a survey showed on Thursday.
The CCI rose from January’s 51.7 to 52.6 in February, a three-year high, according to the survey of 2,239 respondents across the country conducted by the University of the Thai Chamber of Commerce (UTCC).
Photo : Tourists pose for photos with a kite at the beach in Pattaya, Thailand, Feb. 27, 2023. (Xinhua/Wang Teng)