Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအလွန်ကာလအတွက် လုံခြုံရေးကောင်စီ၏ ပံ့ပိုးကူညီမှုပေးရန် ကုလသမဂ္ဂ တာဝန်ရှိသူများ တိုက်တွန်း

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့ Masharqa ရပ်ကွက်ရှိ နေအိမ်အပျက်အစီးအနီး မတ်တပ်ရပ်နေသော Ali Abdul-Rahman နှင့် ၎င်း၏ ကလေးငယ်နှစ်ဦးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဟာမားပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် အင်အားပြင်းငလျင်ကြောင့် ဒဏ်ရာရရှိသူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ထရီပိုလီမြို့တွင် ငလျင်ဒဏ်သင့် ဆီးရီးယားမြို့တစ်မြို့ဖြစ်သော Latakia အတွက် လှူဒါန်းမှုများ လွှဲပြောင်းပေးနေသည့် စေတနာ့ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် ယာယီတဲစခန်းတွင် နေရပ်ရွှေ့ပြောင်းသူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်၌ ဆိုးဝါးစွာလှုပ်ခတ်ခဲ့သော ငလျင်ပြီးနောက် ဆီးရီးယားအတွက် အားကောင်းသော ပံ့ပိုးကူညီမှုပေးအပ်ရန် လုံခြုံရေးကောင်စီကို ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံတစ်ဝန်း ကြီးမား၍ များပြားလှသော လိုအပ်ချက်များရှိခြင်းကို အလေးအနက်ထားစဉ်းစားကြည့်လျှင် ၂၀၂၃ ခုနှစ် တုန့်ပြန်ရေးအစီအစဉ်တွင် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု မေတ္တာရပ်ခံချက်ဖြစ်ကြောင်း ကုလသမဂ္ဂ ဘေးအန္တရာယ်လျော့ပါးရေး အကြီးအကဲက ဆိုသည်။ (Xinhua) xhtxs.cn/FaW
………………………………
UN officials call for Security Council’s support for post-quake Syria
Top officials from the United Nations on Tuesday called on the Security Council to provide strong support for Syria after a devastating earthquake struck on Feb. 6.
Reflecting on the scale & gravity of needs across Syria, the UN relief chief said the 2023 response plan would require 4.8 billion USD, the largest humanitarian appeal currently active xhtxs.cn/FaW
Photo 1: Ali Abdul-Rahman and his two kids stand on the side of his destroyed porch at his house in the Masharqa neighborhood in Aleppo city, northern Syria, Feb. 13, 2023. (Photo by Monsef Memari/Xinhua)
Photo 2: People injured in a powerful earthquake are treated at a hospital in Hama province, Syria, on Feb. 6, 2023. (Str/Xinhua)
Photo 3: Volunteers transfer donations for quake-hit Syrian city of Latakia in Tripoli, Lebanon, on Feb. 9, 2023. (Photo by Khaled Habashiti/Xinhua)
Photo 4: Displaced people are seen in a temporary tent in Aleppo, Syria, on Feb. 15, 2023. (Photo by Hummam Sheikh Ali/Xinhua)