Connect with us

China

တရုတ်နိုင်ငံဟေးလုံကျန်းပြည်နယ်၌ ဇန်နဝါရီ-ဖေဖော်ဝါရီအတွင်း ကုန်သွယ်မှု အားကောင်းလာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟေးဟယ်ဧရိယာ (ဟေးလုံကျန်း) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာအယ်ပင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ဘက်စွန်း ဟေးလုံကျန်းပြည်နယ်တွင် ကုန်စည်များ နိုင်ငံခြားကုန်သွယ်မှု၌ ယမန်နှစ်ကထက် ၃၀.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ယခုနှစ်ပထမနှစ်လအတွင်း ယွမ် ၄၈.၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့်) ရှိခဲ့ကြောင်း အကောက်ခွန် အချက်အလက်များက ဖော်ပြထားသည်။

ဟေးလုံကျန်းပြည်နယ်၏ သွင်းကုန်သည် ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်း ၂၇.၃ ရာခိုင်နှုန်း၊ ယွမ် ၃၉.၀၇ ဘီလီယံ အထိ မြင့်တက်ခဲ့သည်။ ပို့ကုန်အနေဖြင့်မူ ယမန်နှစ်ကထက် ၄၇.၆ ရာခိုင်နှုန်း တိုးလာပြီး ယွမ် ၉.၃၁ ဘီလီယံရှိခဲ့ကြောင်း ပြည်နယ်မြို့တော် ဟာအယ်ပင်းအကောက်ခွန်ဌာနအရ သိရသည်။

ဟေးလုံကျန်းပြည်နယ်အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံများနှင့်ကုန်သွယ်မှုတွင် ယင်းပြည်နယ်ရှိ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ ၇၈.၆ ရာခိုင်နှုန်း၊ ယွမ် ၃၈.၀၄ ဘီလီယံရှိခဲ့သည်။ ထို့ပြင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၂၇.၄ ရာခိုင်နှုန်းမြင့်တက်ကာ ယွမ် ၄.၇ ဘီလီယံရှိခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(English Version)
China’s northernmost province sees robust trade growth in Jan-Feb
HARBIN, March 23 (Xinhua) — Heilongjiang, China’s northernmost province, saw its foreign trade in goods grow by 30.7 percent year on year to 48.38 billion yuan (about 7 billion U.S. dollars) in first two months of this year, customs data showed.
From January to February, Heilongjiang’s imports saw a 27.3-percent increase to 39.07 billion yuan, while its exports grew by 47.6 percent year on year to 9.31 billion yuan, according to Harbin Customs in the provincial capital.
Its trade with countries along the Belt and Road hit 38.04 billion yuan, accounting for 78.6 percent of the province’s total foreign trade. Trade with the Regional Comprehensive Economic Partnership (RCEP) members rose 27.4 percent to 4.7 billion yuan.
Photo: This aerial photo taken on Feb. 11, 2023 shows part of the Heihe Area of China (Heilongjiang) Pilot Free Trade Zone in northeast China’s Heilongjiang Province. (Xinhua/Xie Jianfei)