Connect with us

Asia

ဗီယက်နမ် အစိုးရက ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် ၃ လ e-visa များ ခွင့်ပြု

ဟနွိုင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အစိုးရအဖွဲ့က စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားကို ပံ့ပိုးကူညီရန် ခရီးသွားလုပ်ငန်းစည်းမျဉ်းများ ဖြေလျှော့ရန် ပြင်ဆင်လျက်ရှိသဖြင့် ကာလရှည်နေထိုင်မည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် အချိန်သုံးလအထိ ရရှိမည့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းကို ခွင့်ပြုလိုက်ကြောင်း Vietnam News က မတ် ၂၈ ရက်၌ သတင်းဖော်ပြခဲ့သည်။အီလက်ထရောနစ်ဗီဇာထုတ်ပေးမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝင်များကြား အထွေထွေသဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် နေထိုင်မည့် “နိုင်ငံနှင့် နယ်မြေအားလုံးမှ နိုင်ငံသားများအားလုံး” အနေဖြင့် လက်ရှိ ရက်ပေါင်း ၃၀ ရက်မှ အများဆုံး ၃ လအထိ ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Pham Minh Chinh က ပြောကြားခဲ့သည်။

ထို့ပြင် ဗီဇာလိုအပ်ချက်များ တစ်ဖက်သတ်ဖြေလျှော့ထားသော နိုင်ငံများမှ နိုင်ငံသားများအတွက်မူ ဗီဇာကင်းလွတ်ခွင့်ကာလကို ၁၅ ရက်မှ ၄၅ ရက်အထိ တိုးမြှင့်မှုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဗီယက်နိုင်ငံသည် နိုင်ငံ ၂၅ နိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် ဗီဇာလိုအပ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံနှင့် ဒေသပေါင်း ၈၀ မှ ခရီးသွားဧည့်သည်များအတွက် တစ်လသက်တမ်းရှိ တစ်ကြိမ်ဝင်ရောက်ခွင့် e-visa ပေးအပ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
Vietnam’s cabinet approves 3-month e-visas for foreign tourists
HANOI, March 28 (Xinhua) — Vietnam’s cabinet has approved granting electronic visas of up to three months for long-stay tourists as the government prepares to relax travel regulations to help support a key driver of the economic growth, local newspaper Vietnam News reported on Tuesday.

Prime Minister Pham Minh Chinh said there was a general consensus among cabinet members on issuing electronic visas, to “citizens from all countries and territories” who would be able to stay in Vietnam for a maximum of three months from the current 30 days.
The government also approved extending the visa-free length of stay to 45 days from 15 days for citizens from countries that it has unilaterally waived visa requirements.
Vietnam already waives visa requirements for tourists from 25 countries and also grants a one-month single-entry e-visa to visitors from 80 countries and regions.
Photo: Hot air balloons are seen during an event to celebrate the National Tourism Year 2022 in Quang Nam province, Vietnam, March 25, 2022. (VNA/Handout via Xinhua)