Connect with us

Economy

ပေကျင်းမြို့တွင် တရုတ်ခေတ်မီအသွင်ပြောင်းခြင်းဆိုင်ရာ နိုင်ငံတကာဖိုရမ် ကျင်းပ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ရှိ Konfoong Materials International ကုမ္ပဏီလီမိတက်၏ လေ့လာဆန်းစစ်မှုနှင့် စမ်းသပ်မှုစင်တာ၌ အလုပ်လုပ်နေသော စက်မှုလုပ်ငန်းသုံး စက်ရုပ်ကို ၂၀၂၃ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

“တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်းနှင့် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်း” ခေါင်းစဉ်ဖြင့် နိုင်ငံတကာဖိုရမ်ကို ပေကျင်းမြို့၌ မတ် ၂၆ ရက်က ကျင်းပခဲ့ပြီး တရုတ်၊ ယူကေနှင့် ပြင်သစ် အပါအဝင် နိုင်ငံ ၁၄ နိုင်ငံမှ ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါ ဖိုရမ်ကို တရုတ် နိုင်ငံခြားဘာသာစကားထုတ်ဝေရေး (CFLPA) နှင့် တရုတ်နိုင်ငံ တီထွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ အင်စတီကျုတို့က အွန်လိုင်း (online) နှင့် အော့ဖ်လိုင်း (offline) ပုံစံနှစ်မျိုးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖိုရမ်တက်ရောက်လာသူများက တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ်နှင့် ယဉ်ကျေးမှုဖလှယ်မှုများကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ခေါင်းစဉ်ခွဲ ၃ ခုဖြင့် ဆွေးနွေးခဲ့ကြသည်။ (Xinhua)

………………………………
Int’l forum on Chinese modernization held in Beijing
BEIJING, March 28 (Xinhua) — An international forum themed “Chinese modernization and a human community with a shared future” took place in Beijing on Monday, with nearly 100 representatives from 14 countries including China, the United Kingdom and France taking part.
The forum was held both online and offline by the China Foreign Languages Publishing Administration (CFLPA) and the China Institute for Innovation and Development Strategy.
Representatives also discussed three sub-themes on the relationship between Chinese modernization and global development, the global governance system and civilization exchanges.
Photo: An industry robot works at the analysis and testing center of Konfoong Materials International Co., Ltd. in Ningbo, east China’s Zhejiang Province, March 21, 2023. (Xinhua/Weng Xinyang)