Connect with us

Culture & Entertainment

တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော ထိပ်တန်း ရှေးဟောင်းသုတေသနတွေ့ရှိချက် ၁၀ ခုထုတ်ပြန်

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင်တွေ့ရှိခဲ့သော ထိပ်တန်းရှေးဟောင်းသုတေသနတွေ့ရှိချက် ၁၀ခုကို မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် တူးဖော်တွေ့ရှိခဲ့သော ရှေးခေတ်လူသားများ၊ တိရစ္ဆာန်များနှင့် စဉ့် အိုးခွက်ပန်းကန်အပျက်အစီးများမှာ ကျောက်ခေတ်ဟောင်း(Paleolithic period ) တွင်တည်ရှိခဲ့သည့် စာရင်းတွင်ပါဝင်သည်။အဆိုပါ ရှေးဟောင်းသုတေသနနေရာတွင် ရှေးဟောင်းသုတေသန ပညာရှင်များက ယူရေးရှားကုန်းမြေတွင်တွေ့ရှိရသော သက်တမ်းအရင့်ဆုံးမတ်ရပ်လူ (Homo erectus) ၏ နမူနာအဖြစ်မှတ်ယူထားသော ဦးခေါင်းခွံကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့သည်။

ထိုစာရင်းထဲတွင် တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၊ Zhaojiaxuyao ကျေးရွာ၌ ရှာဖွေတွေ့ရှိခဲ့သောရှေးဟောင်း hominid နေရာလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ ရှာဖွေတွေ့ရှိမှုသည် ဒေသတွင်း သမိုင်းမတင်မီ လူသားအပျက်အစီးများကို လေ့လာရာတွင် လစ်ဟာမှုကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့ပြီး တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ကျောက်ခေတ်ဟောင်း (Palaeolithic Age ) မှ ကျောက်ခေတ်သစ်ခေတ်သို့ သိသိသာသာ ကူးပြောင်းသွားခြင်းဆိုင်ရာ အဓိကအထောက်အထားများကို ပံ့ပိုးပေးခဲ့သည်။
အဆိုပါစာရင်းတွင် ဆန်ရှီးပြည်နယ်ရှိ Bicun အမွေအနှစ်များ၊ ကွေ့ကျိုးပြည်နယ်ရှိ Dasongshan သင်္ချိုင်းဂူ၊ ကျီလင်ပြည်နယ်ရှိ Gucheng ဘုရာကျောင်းနေရာနှင့် အခြားနေရာများပါဝင်ကြောင်း သိရသည်။ (Xinhua)

—————————-

China unveils top 10 archaeological discoveries of 2022
BEIJING, March 28 (Xinhua) — China released a list of the top 10 archaeological findings of 2022 on Tuesday.
A site dating back to the Paleolithic period, which includes ruins of ancient humans, animals and stoneware excavated in central China’s Hubei Province, is on the list. At this site, archaeologists have unearthed a fossilized skull, which is regarded as the most intact Homo erectus specimen of its age found in inland Eurasia.
Among the list is an ancient hominid site discovered in Zhaojiaxuyao Village of east China’s Shandong Province. The discovery has helped fill the gap in the study of prehistoric human ruins in the region, providing key evidence about the significant transition from the Palaeolithic Age to the Neolithic Age in northern China.
The list also includes the Bicun relics site in Shanxi, the Dasongshan tomb site in Guizhou, and the Gucheng temple site in Jilin, among others. ■

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.