Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအခြေအနေတိုးတက်မှုရှိစေရန် လောင်စာဆီဈေးနှုန်းများ လျှော့ချမည်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မတ် ၃၀ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် မတ် ၂၉ ရက် ညသန်းခေါင်မှစ၍ လောင်စာဆီဈေးနှုန်းများ လျှော့ချသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး Kanchana Wijesekera က မတ် ၂၉ ရက်၌ ပြောကြားခဲ့သည်။

92 အောက်တိန်းဓာတ်ဆီ ဈေးနှုန်းအနေဖြင့် တစ်လီတာလျှင် ရူပီး ၆၀ (အမေရိကန်ဒေါ်လာ ၀.၁၈) လျှော့မည်ဖြစ်သဖြင့် ရူပီး ၃၄၀ အထိလည်းကောင်း၊ 95 အောက်တိန်းဓာတ်ဆီကိုလည်း တစ်လီတာလျှင် ၁၃၅ ရူပီးလျှော့မည်ဖြစ်သဖြင့် ၃၇၅ ရူပီးအထိလည်းကောင်း လျှော့ချသွားမည် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ဒီဇယ်ဈေးနှုန်းများကိုလည်း တစ်လီတာလျှင် ၈၀ ရူပီး လျှော့လိုက်သဖြင့် ၃၂၅ ရူပီးအထိလည်းကောင်း၊ စူပါဒီဇယ်ဈေးနှုန်းမှာ ၄၅ ရူပီး လျှော့လိုက်သဖြင့် ၄၆၅ ရူပီးအထိလည်းကောင်း အသီးသီး လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းကြောင့် ၂၀၂၂ ခုနှစ်၌ လောင်စာဆီဈေးနှုန်းများမှာ ၂၀၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။ (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာက သီရိလင်္ကာရူပီး ၃၂၄.၅ ခန့် နှင့်ညီမျှသည်။) (Xinhua)

…………………………..
(English Version)
Sri Lanka to reduce fuel prices as economic conditions improve

COLOMBO, March 30 (Xinhua) — Sri Lanka’s Power and Energy Minister Kanchana Wijesekera said on Wednesday that fuel prices will be reduced in the country from March 29 at midnight.
The price of 92 Octane petrol will be reduced by 60 rupees (0.18 U.S. dollar) to 340 rupees per liter, and that of 95 Octane petrol will fall by 135 rupees to 375 rupees per liter.
The price of diesel will be reduced by 80 rupees to 325 rupees per liter and that of super diesel will be reduced by 45 rupees to 465 rupees.
Sri Lanka increased fuel prices by over 200 percent in 2022 amid an economic crisis in the South Asian country. (1 U.S. dollar equals about 324.5 Sri Lankan rupees)
Photo 1, 2: A man fuels a car at a gas station in Colombo, Sri Lanka, March 29, 2023. (Photo by Gayan Sameera/Xinhua)