Connect with us

CPPCC

သမ္မတ ရှီက တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု ကြိုးပမ်းဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက မတ် ၅ ရက်က ကျင်းပသည့် တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုလွှတ်တော်ဖြစ်သော (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ်အစည်းအဝေးတွင် ကျန်းဆူးပြည်နယ်မှ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးပွဲတက် ရောက်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရာတွင် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုက ပထမဆုံးနှင့် အဓိကအကျဆုံး တာဝန်ဖြစ်ကြောင်း မတ် ၅ ရက်၌ အလေးထားပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုလွှတ်တော်ဖြစ်သော (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ်အစည်းအဝေးတွင် ကျန်းဆူးပြည်နယ်မှ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးပွဲတက်ရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

———————————–
Xi stresses high-quality development in China’s modernization endeavor

Chinese President Xi Jinping stressed on Sunday that high-quality development is the first and foremost task in building a modern socialist country.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks while attending a deliberation with his fellow deputies from the delegation of Jiangsu Province at the first session of the 14th National People’s Congress, China’s national legislature.

Photo: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, takes part in a deliberation with his fellow deputies from the delegation of Jiangsu Province, at the first session of the 14th National People’s Congress (NPC) in Beijing, capital of China, March 5, 2023. (Xinhua/Li Xueren)