Connect with us

China

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက် တိုးတက်မှုအရှိန် မတ်လတွင် ကောင်းမွန်လာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင် ပြည်နယ် မြို့တော်ချန်ချွမ်းတွင် ၁၉ ကြိမ်မြောက် China (Changchun) International Automobile Expo ပြပွဲအတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ကားထုတ်လုပ်သူ BYD ၏ ပြပွဲဧရိယာသို့ လာရောက်ကြည့်ရှုသူများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက် တိုးတက်မှုအရှိန်သည် မတ်လတွင် ကောင်းမွန်လာခဲ့ပြီး ယင်းအခြေအနေက ပံ့ပိုးမှုမူဝါဒအသစ်များနှင့် ထပ်မံရရှိလာဦးမည့် အလားအလာများကြောင့် ဆက်လက်၍ အရှိန်ရလာမည်ဟု အဆိုပါလုပ်ငန်း ကျွမ်းကျင်သူများက ယုံကြည်နေကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ မတ်လတွင် မော်တော်ယာဉ် အစီးရေ ၂.၄၅ သန်းခန့် ရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၉.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းက ဧပြီ ၁၁ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
မတ်လတွင် တရုတ်နိုင်ငံ၌ မော်တော်ကားအစီးရေ ၂.၅၈ သန်း အထိ ထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၁၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ (NEVs) ဈေးကွက်က ခိုင်မာသောမူဝါဒပတ်ဝန်းကျင် ပံ့ပိုးပေးချင်းဖြင့် နောက်ထပ်အောင်မြင်မှုတစ်ခုဖြစ်လာကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မတ်လတွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်အစီးရေ ၆၅၃,၀၀၀ ခန့် ရောင်းချခဲ့ရပြီး ယမန်နှစ်ကထက် ၃၄.၈ ရာခိုင်နှုန်း တိုးလာကာ စွမ်းအင်သစ်သုံးမော်တော်ယာဉ်ထုတ်လုပ်မှုအနေဖြင့်လည်း ပြီးခဲ့သည့်နှစ်က အစီးရေ ၆၇၄,၀၀၀ ခန့် ထုတ်လုပ်ခဲ့ရာ ၄၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………..
(English Version)
China’s auto market picks up growth pace in March
BEIJING, April 12 (Xinhua)
China’s automobile market picked up its pace of growth in March, with industry insiders believing that it will continue to gather steam thanks to new supportive policies and the promise of more to come.
China’s auto sales expanded 9.7 percent year on year to about 2.45 million units in March, data from the China Association of Automobile Manufacturers showed Tuesday.
In March, the automobile output in China reached 2.58 million units, increasing by 15.3 percent year on year, said the association.
The new-energy vehicles (NEVs) market posted another stellar performance, driven by a sound policy environment.
China sold about 653,000 NEVs in March, increasing by 34.8 percent year on year, while NEV production surged by 44.8 percent from a year earlier to about 674,000 units.
People visit the exhibition area of BYD, China’s new energy vehicle (NEV) manufacturer, during the 19th China (Changchun) International Automobile Expo in Changchun, capital of northeast China’s Jilin Province, July 15, 2022. (Xinhua/Zhang Nan)