Connect with us

Africa & Middle East

ဆူဒန်နိုင်ငံတွင် စစ်ရေးပဋိပက္ခဖြစ်ပွားမှု ၄ ရက်မြောက်အထိ ရောက်ရှိလာသလို သေဆုံးသူဦးရေ ၂၇၀ ခန့်ရှိလာ

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်တွင် မီးခိုးများထွက်ပေါ်နေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ဆူဒန်စစ်တပ်နှင့် ဆူဒန်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Rapid Support Forces (RSF) ကြား တိုက်ခိုက်မှုကြောင့် ဧပြီ ၁၈ ရက်အထိ သေဆုံးသူဦးရေ ၂၇၀ ခန့်နှင့် ဒဏ်ရာရရှိသူ ၂,၆၀၀ ကျော် ရှိပြီဖြစ်ကြောင်း၊ မြို့တစ်ခွင်လည်း သေနတ်ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရဆဲဖြစ်ကြောင်း သိရသည်။

ဆူဒန်စစ်တပ်ကွပ်ကဲရေးဌာနအနီး၊ သမ္မတ နန်းတော်၊ ခါတွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် RSF အခြေစိုက်စခန်းအချို့အနီးဝန်းကျင်၌ အကြမ်းဖက်ပဋိပက္ခများ ဧပြီ ၁၈ ရက် နံနက်ပိုင်း၌ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းများအရ သိရသည်။

RSF အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းကိစ္စများအတွက် ဆူဒန်စစ်တပ်နှင့် အချိန် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာအဆိုပြုချက်ကို လက်ခံကြောင်း ဧပြီ ၁၈ ရက်က ကြေညာခဲ့သော်လည်း ဆူဒန်စစ်တပ်ကမူ “ယာယီစစ်ပြေငြိမ်းခြင်းအတွက် ကြားဝင်စေ့စပ်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်းမှုကို သိရှိခြင်းမရှိကြောင်း” ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံတစ်ခွင် တိုက်ခိုက်မှုကြောင့် အခြေအနေဆိုးဝါးလာခဲ့ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အပြင်းအထန်ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားသူများက ဧပြီ ၁၈ ရက်၌ ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
270 killed as deadly military conflict in Sudan rages into 4th day
KHARTOUM, April 19 (Xinhua) — Fighting between the Sudanese Army and the paramilitary Rapid Support Forces (RSF) in Sudan has killed about 270 people and wounded more than 2,600 as of Tuesday, with gunfire and explosions still heard here across the city.
Violent clashes resumed on Tuesday morning near the Sudanese army command, the presidential palace, Khartoum International Airport, and around some RSF bases south of the capital, according to media reports.
The RSF on Tuesday announced that it accepted an international initiative for a ceasefire with the Sudanese army for 24 hours for humanitarian reasons, while the Sudanese army said in a statement that it was “not aware of any coordination with the mediators and the international community about a truce.”
In the worsening situation, fighting across Sudan severely limits humanitarian operations, UN humanitarians said on Tuesday.
Photo: This photo taken on April 15, 2023 shows smoke rising in Khartoum, capital of Sudan. (Photo by Mohamed Khidir/Xinhua)