Connect with us

Africa & Middle East

ဆူဒန် Rapid Support Forces(RSF) က ၂၄ နာရီ ယာယီအပစ်အခတ်ရပ်စဲရေး လက်ခံကြောင်း ပြောကြား ၊ ဆူဒန်စစ်တပ်ကမူ ပစ်ခတ်ရပ်စဲရေးကိစ္စ မသိရှိရဟု ဆို

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ် မြောက်ဘက် Bahri မြို့တွင် ဆူဒန်စစ်တပ်နှင့် RSF တပ်ဖွဲ့ကြား ဆက်တိုက်ဖြစ်ပွားနေသော ပဋိပက္ခအတွင်း ပျက်စီးသွားသော ဈေးတစ်ခုအား ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခါတွမ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

လူသားချင်း စာနာထောက်ထားမှုကြောင့် နိုင်ငံတကာ၏အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ဖြစ်သည့် ဆူဒန်စစ်တပ်နှင့် ၂၄ နာရီ ယာယီအပစ်အခတ်ရပ်စဲရေးကို လက်ခံလိုက်ကြောင်း ဆူဒန် Rapid Support Forces (RSF)က ဧပြီ ၁၈ ရက်၌ ကြေညာခဲ့သော်လည်း ဆူဒန်စစ်တပ်ကမူ ယာယီအပစ်အခတ်ရပ်စဲရေးကိစ္စကို မသိရှိဟု ဆိုသည်။

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်တွင် မီးခိုးလိပ်များ တက်လာသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ် မြောက်ဘက် ရှိ Bahriမြို့တွင် ဖျက်ဆီးခံထားရသော ဆူဒန်စစ်တပ်၏ သံချပ်ကာကားကို ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်တွင် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ရေနှင့်လျှပ်စစ်များ ပြတ်တောက်သွားပြီးနောက် ဆူဒန်နိုင်ငံသားများက နိုင်းမြစ်မှာ ရေယူနေကြသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ချစ်ကြည်ရင်းနှီးသောနိုင်ငံများနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ ဆက်သွယ်ဆွေးနွေးပြီးနောက် ကျွန်တော်တို့အနေနဲ့ ၂၄ နာရီ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံခဲ့ပါတယ်”ဟု RSF တပ်မှူး Mohamed Hamdan Dagaloက ၎င်း၏ တွစ်တာအကောင့်တွင် ဧပြီ ၁၈ ရက်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဆူတန် စစ်တပ်ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် “ဖျန်ဖြေသူများနဲ့ နိုင်ငံတကာအသိုက်အဝန်းက အပစ်အခတ်ရပ်စဲရေး ဘယ်လို ညှိနှိုင်းပေးသလဲဆိုတာ မသိရှိရပါဘူး၊ သူပုန်စစ်တပ်က ၂၄ နာရီ အပစ်ခတ်ရပ်စဲဖို့ ကြေညာတာဟာ သူတို့ကြီးမားတဲ့ရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ပဲဖြစ်တယ်၊ ဒါကလည်း နာရီအနည်းငယ်အတွင်းမှာ ဖြစ်တော့မှာပါ”ဟု ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Rapid Support Forces says accepts 24-hour truce, Sudanese army says not aware
KHARTOUM, April 18 (Xinhua) — Sudan’s Rapid Support Forces (RSF) on Tuesday announced that it accepted an international initiative for a truce to stop the clashes with the Sudanese army for 24 hours for humanitarian reasons, while the Sudanese army said it was not aware of the truce.
“A 24-hour truce has been accepted after communication with friendly countries and the U.S. Secretary of State Antony Blinken,” Mohamed Hamdan Dagalo, the RSF commander, said on his Twitter account on Tuesday
The Sudanese army, meanwhile, said in a statement that it was “not aware of any coordination with the mediators and the international community about a truce, and the announcement by the rebellion of a 24-hour truce tends to cover up the crushing defeat it is about to receive within hours.”
1. The photo taken on April 18, 2023 shows a major market in Bahri city, north of the Sudanese capital Khartoum, ruined in ongoing clashes between the Sudanese army and the rapid support forces. (Xinhua/ Mohamed Khidir)
2. This photo taken on April 15, 2023 shows smoke rising in Khartoum, capital of Sudan. Heavy gunfire was heard on Saturday in Sudanese capital, Khartoum. (Photo by Mohamed Khidir/Xinhua)
3. The photo taken on April 18, 2023 shows an armored military vehicle of the Sudanese army burned in Bahri city, north of the capital Khartoum. (Xinhua/ Mohamed Khidir)
4. The photo taken on April 17, 2023 shows Sudanese collecting fresh water from the Nile River after ongoing clashes cut off the water and electricity supplies in their neighborhoods in the capital of Khartoum. (Xinhua/ Mohamed Khidir)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.