Connect with us

China

တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများကြား ကုန်သွယ်ရေးခိုင်မာတောင့်တင်းမှု စံချိန်တင်

တရုတ်နိုင်ငံနှင့် အလယ်အာရှငါးနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ် အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံကြား ကုန်သွယ်ရေးသည် ခိုင်မာသော တိုးတက်မှုအရှိန်ကို ထိန်းထားလျက်ရှိကြောင်း တရုတ် စီးပွားရေးဝန်ကြီး ဝမ်ဝန်ထောင်းက ဧပြီ ၁၈ ရက်က ပြောကြားခဲ့သည်။

ယခုနှစ် ပထမနှစ်လအတွင်း တရုတ်နိုင်ငံနှင့် အဆိုပါ အလယ်အာရှငါးနိုင်ငံကြား ကုန်သွယ်ရေးသည် ယမန်နှစ်ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ခြောက်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများကြား ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သော အစည်းအဝေး၌ ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ထိုငါးနိုင်ငံကြား ကုန်သွယ်မှုသည် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၇၀.၂ ဘီလီယံရှိခဲ့ပြီး သမိုင်းဝင် မြင့်မားသောပမာဏဖြစ်ကြောင်း ဝမ်က ဆိုသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံက ယင်းငါးနိုင်ငံမှ လယ်ယာထွက်ကုန်၊ စွမ်းအင်နှင့် သတ္တုတွင်းလုပ်ငန်းထွက်ကုန်များ တင်သွင်းမှုသည် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်၏ စက်ယန္တရားနှင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်း ပို့ကုန်မှာလည်း ၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China, Central Asian countries record strong trade: minister
BEIJING, April 18 (Xinhua) — Trade between China and five Central Asian countries, namely Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan and Uzbekistan, has maintained robust growth momentum, China’s Minister of Commerce Wang Wentao said Tuesday.
In the first two months of this year, trade between China and the five Central Asian countries surged 22 percent year on year, Wang revealed at a video-link meeting between the six countries’ economic and trade ministers.
Trade between China and the five countries reached 70.2 billion U.S. dollars last year, a historic high, according to Wang. In 2022, China’s imports of agricultural, energy and mineral products from these countries jumped over 50 percent, while its exports of mechanical and electronic products to them increased by 42 percent.
Photo: Chinese President Xi Jinping chairs a virtual summit commemorating the 30th anniversary of the establishment of diplomatic relations between China and five Central Asian countries and delivers an important speech in Beijing, capital of China, Jan. 25, 2022. (Xinhua/Li Xiang)