Connect with us

Africa & Middle East

အီရန်သမ္မတ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လည်ပတ်မည်

အီရန် သမ္မတ Ebrahim Raisiအား ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်က တီဟီရန်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ-Iranian Presidential Website/Handout via Xinhua)

တီဟီရန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အီရန် သမ္မတ Ebrahim Raisiသည် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့ကို သွားရောက်လည်ပတ်ရန်အတွက် ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud၏ ဖိတ်ကြားချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း အီရန် ပထမ-ဒုတိယသမ္မတ Mohammad Mokhberက ဧပြီ ၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဆော်ဒီဘုရင် Salman bin Abdulaziz Al Saudအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့၌ ကျင်းပသော G20 ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် တွေ့ရစဉ်(ဓာတ်ပုံ- G20 Saudi Arabia/Handout via Xinhua)

ထိုမတိုင်မီ မတ်လ အစောပိုင်းက ဆော်ဒီအာရေဗျနှင့်အီရန်တို့သည် တရုတ်နိုင်ငံမှကြားဝင်ညှိနှိုင်းပေးသော ဆွေးနွေးပွဲတစ်ခုကို ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ အစည်းအဝေးကာလအတွင်း သံတမန်ဆက်သွယ်ရေး ပြန်လည်ထားရှိရန်နှင့်အတူ နှစ်လအတွင်း သံရုံးများနှင့် သံတမန်အဖွဲ့စေလွှတ်မှုများ ပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့သည်။

ဆော်ဒီက အီရန် ရှီးယိုက်ဘာသာရေးဆရာတစ်ဦးအား ကွပ်မျက်ပြီးနောက် အီရန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ သံတမန်အဖွဲ့တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသည် အီရန်နှင့် ၂၀၁၆ ခုနှစ်အစောပိုင်းတွင် သံတမန်ဆက်သွယ်မှု ဖြတ်တောက်ခဲ့သည်။ (Xinhua)

……………………………..
(English Version)
Iranian president to visit Saudi Arabia

TEHRAN, April 3 (Xinhua) — Iranian President Ebrahim Raisi has accepted an invitation from King Salman bin Abdulaziz Al Saud of Saudi Arabia for a visit to Saudi capital of Riyadh, Iran’s first vice president Mohammad Mokhber confirmed Monday.

The move followed the China-brokered talks in Beijing in early March, during which Saudi Arabia and Iran agreed to resume diplomatic relations and reopen embassies and missions within two months.

Saudi Arabia cut diplomatic ties with Iran in early 2016 in response to the attacks on Saudi diplomatic missions in Iran after the kingdom executed a Shiite cleric.

1. Iranian President Ebrahim Raisi speaks at a press conference in Tehran, Iran, on Aug. 29, 2022. (Iranian Presidential Website/Handout via Xinhua)
2. Saudi King Salman bin Abdulaziz Al Saud delivers his closing remarks at the G20 summit in Riyadh, Saudi Arabia, on Nov. 22, 2020. (G20 Saudi Arabia/Handout via Xinhua)
Iranian President Ebrahim Raisi will visit Saudi Arabia at the invitation of king Salman bin Abdulaziz Al Saud, Iran’s first vice president confirmed Monday. In early March, the two countries agreed to resume diplomatic ties in China-brokered talks xhtxs.cn/Gry