Connect with us

China

စည်းလုံးညီညွတ်မှု၊ စုပေါင်းအင်အားများ မြှင့်တင်ရန် ပါတီပညာရေးလှုံ့ဆော်မှု ခိုင်မာစွာအကောင်အထည်ဖော်ရန် ရှီ တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ် အတွေးအမြင်ကို လေ့လာခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ပညာရေးလှုံ့ဆော်မှု ဆောင်ရွက်ရန် အခိုင်အမာ ကြိုးပမ်းအားထုတ်ကြရန်နှင့် ခရီးစဉ်အသစ်ကို ဦးတည်၍ စည်းလုံးညီညွတ်မှုနှင့် စုပေါင်းအင်အားများ မြှင့်တင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတလည်းဖြစ် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ဧပြီ ၃ ရက်တွင် ပြုလုပ်သော ပါတီတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် စည်းလုံးလှုံ့ဆော်မှုဆိုင်ရာ ကွန်ဖရင့်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စည်းရုံးလှုံ့ဆော်မှုသည် ပါတီ၏ သီအိုရီအသစ်များနှင့် မာ့ခ်ဝါဒအပေါ် နားလည်သဘောပေါက်မှု မြှင့်တင်ခြင်းဖြင့် ပါတီဝင်များအားလုံးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် ခေတ်မီဆိုရှယ်လစ် တရုတ်နိုင်ငံ အပြည့်အဝတည်ဆောက်ရေးနှင့် တရုတ်အမျိုးသားမဟာဖွံ့ဖြိုးတိုးတက်ရေးကို နားလည်သဘောပေါက်ရေးအတွက် အတူတကွကြိုးပမ်းအားထုတ်ကြရန် ရှီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi urges solid implementation of Party education campaign to enhance cohesion, pool strengths

BEIJING, April 3 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, has urged solid efforts to carry out the education campaign on the study and implementation of the Thought on Socialism with Chinese Characteristics for a New Era to enhance cohesion and pool strengths for forging ahead on the new journey.
Xi, also Chinese president and chairman of the Central Military Commission, made the remarks when delivering an important speech at a working conference on the Party-wide campaign on Monday.
The campaign should be an opportunity to further arm all Party members with the Party’s new theories and enhance their understanding of Marxism, Xi said, calling on Party members to strive together to fully build a modern socialist China and realize the great rejuvenation of the Chinese nation.
Photo: Xi Jinping, general secretary of the Communist Party of China Central Committee, also Chinese president and chairman of the Central Military Commission, delivers an important speech at a working conference on the education campaign on the study and implementation of the Thought on Socialism with Chinese Characteristics for a New Era in Beijing, capital of China, April 3, 2023. (Xinhua/Ju Peng)