Connect with us

China

မက်ဒေါ်နယ် က ဝန်ထမ်းများကို ရာထူးမှရပ်စဲခြင်းမပြုမီ အမေရိကန်နိုင်ငံရှိ ရုံးများကို ခေတ္တပိတ်ထား

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ McDonald စားသောက်ဆိုင်တွင် စားသောက်နေကြသူများကို ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် ၂၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ချီကာဂို၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မက်ဒေါ်နယ်က ဝန်ထမ်းများကို ရာထူးမှရပ်စဲကြောင်း အကြောင်းမကြားမီ ရက်အနည်းငယ်အလို၌ အမေရိကန်နိုင်ငံရှိ ရုံးများကို ခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။

မက်ဒေါ်နယ် အသင့်စား အစားအစာထုတ်လုပ်သော ကုမ္ပဏီက အမေရိကန်နိုင်ငံရှိ ဝန်ထမ်းများနှင့် နိုင်ငံရပ်ခြားရှိ ဝန်ထမ်းများ အနေဖြင့် ၎င်းတို့၏အလုပ်အခြေအနေနှင့်ပတ်သက်သည့် အကြောင်းကြားစာကို စောင့်ဆိုင်းနေစဉ်အတွင်း အိမ်မှအလုပ်လုပ်ရမည်ဖြစ်ကြောင်း ချီကာဂိုအခြေစိုက် မက်ဒေါ်နယ်ကုမ္ပဏီ၏ ရုံးတွင်းအီးမေးလ်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနများက ဧပြီ ၃ ရက်တွင် သတင်းများထုတ်ပြန်ခဲ့သည်။

မက်ဒေါ်နယ်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းက ကြေညာခဲ့သော ၎င်း၏ကျယ်ပြန့်သော ပြန်လည်ဖွဲ့စည်းပုံ “Accelerating the Arches” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ထမ်းခန့်အပ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များအကြောင်း ယခုသီတင်းပတ်အတွင်း ၎င်း၏ဝန်ထမ်းများအား အသိပေးမည်ဖြစ်ပြီး၊ ယင်းအစီအစဉ်မှာ ၎င်းသည် “ပို့ဆောင်မှု၊ အစားအသောက်များကို အသင့်သယ်ယူနိုင်သောစနစ် (Drive Thru) ၊ ဒစ်ဂျစ်တယ်နှင့် ဖွံ့ဖြိုးတိုးတက်မှု” တို့ကို အဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအသင့်စား အစားအစာကုမ္ပဏီ မက်ဒေါ်နယ်တွင် ဝန်ထမ်းပေါင်း ၁၅၀,၀၀၀ ကျော်ရှိကြောင်း၊ ယင်း အလုပ်သမားများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် အမေရိကန်နိုင်ငံပြင်ပရှိ အခြားပြည်ပနိုင်ငံများတွင် အခြေစိုက် လုပ်ကိုင်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
McDonald’s closes U.S. offices briefly ahead of layoffs
CHICAGO, April 3 (Xinhua) — McDonald’s has closed its U.S. offices for a few days ahead of informing employees about layoffs.
Local media on Monday cited an internal email of the Chicago-based fast food chain company as saying that its U.S. corporate staff and some employees overseas should work from home while waiting for notification of their job status.
McDonald’s would inform its employees this week about staffing decisions as part of its wide restructuring “Accelerating the Arches” program announced earlier in January, which would focus on “deliveries, Drive Thru, digital and development.”
The fast food giant has more than 150,000 employees in corporate roles. About 70 percent of those employees are based outside the United States.
Customers eat at a McDonald’s restaurant in New York, the United States, July 23, 2010. (Xinhua/Shen Hong)