Connect with us

North America

ထရမ့်ကို စီးပွားရေးမှတ်တမ်းများ လွဲမှားစွာအသုံးပြုမှု ၃၄ မှုဖြင့် စွဲချက်တင်ထား၊ ထရမ့်က အပြစ်မရှိကြောင်း ငြင်းဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မန်ဟက်တန်တရားရုံးတွင် စွဲချက်တင်ခံရခြင်းကို ရင်ဆိုင်ရန် ထရမ့်တာဝါမှ ထွက်ခွာလာသော သမ္မတဟောင်း ဒေါ်နယ်ထရမ့် (လယ်) ကို ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်/ဝါရှင်တန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို စီးပွားရေးမှတ်တမ်းများ လွဲမှားစွာအသုံးပြုမှု ၃၄ မှုဖြင့် စွဲချက်တင်ထားကြောင်း မန်ဟက်တန်ခရိုင်တရားရုံးက ဧပြီ ၄ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မန်ဟက်တန် တရားရုံးနှင့် မန်ဟက်တန်ခရိုင်ရှေ့နေရုံး အဆောက်အအုံသို့ ရောက်ရှိလာသော သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ မော်တော်ကားယာဉ်တန်းကို ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်မြို့ရှိ မန်ဟက်တန်တရားရုံးတွင် စွဲချက်တင်ခြင်းခံရသော ထရမ့်သည် ပြစ်မှုဆိုင်ရာစွဲချက်တင်ခံရသော ပထမဆုံး အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်လာပြီး ၎င်းအနေဖြင့်မူ အပြစ်မရှိကြောင်းလည်း အကြိမ်ကြိမ်ငြင်းဆိုထားသည်။

၎င်းအား ပြစ်မှုကျူးလွန်ကြောင်း တရားဝင်စွဲချက်တင်ပြီးနောက် ထရမ့်အနေဖြင့် “၂၀၁၆ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲပြီးနောက် အမေရိကန်မဲဆန္ဒရှင်တွေဆီက အချက်အလက်တွေနဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို ဖုံးကွယ်ဖို့ နယူးယောက် စီးပွားရေးမှတ်တမ်းတွေကို လွဲမှားစွာအသုံးပြုထားကြောင်း” မန်ဟက်တန်ခရိုင်ရှေ့နေ Alvin Bragg က ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Trump charged with 34 counts of falsifying business records, pleads not guilty
NEW YORK/WASHINGTON, April 4 (Xinhua) — Former U.S. President Donald Trump is charged with 34 counts of falsifying business records, the Manhattan district attorney said on Tuesday afternoon.
Trump, who was arraigned at the Manhattan Criminal Court in New York City and became the first former U.S. president to be criminally indicted, reportedly pleaded not guilty.
Manhattan District Attorney Alvin Bragg announced the indictment after Trump’s arraignment, accusing him of “falsifying New York business records in order to conceal damaging information and unlawful activity from American voters before and after the 2016 election.”
Photo 1: Former U.S. President Donald Trump (C) raises his fist as he leaves Trump Tower for his arraignment at the Manhattan Criminal Court in New York, the United States, on April 4, 2023. (Xinhua)
Photo 2: A motorcade of former U.S. President Donald Trump approaches the complex of Manhattan Criminal Court and Manhattan District Attorney’s Office in New York, the United States, on April 4, 2023. (Xinhua/Liu Yanan)