Connect with us

Africa & Middle East

စစ်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများက လစ်ဗျားနိုင်ငံရှိ ဧရိယာ စတုရန်းမီတာ ၁,၅၀၀ ကျော်အပေါ် သက်ရောက်မှုရှိနေဆဲဖြစ်

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ပျက်စီးနေသော အဆောက်အဦရှေ့တွင် လူအများစုဝေးနေကြသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထရီပိုလီ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

စစ်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများက လစ်ဗျားနိုင်ငံရှိ ဧရိယာ စတုရန်းမီတာ ၁,၅၀၀ ကျော်အပေါ် သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း လစ်ဗျားရှိ ကုလသမဂ္ဂထောက်ပံ့ရေးမစ်ရှင်အဖွဲ့(UNSMIL)၏ ဧပြီ ၄ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
ဧပြီ ၄ ရက်သည် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ဖြစ်ရာ UNSMILအနေဖြင့် ၂၀၁၉ ခုနှစ်က လစ်ဗျားနိုင်ငံတွင် စစ်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ကလေးငယ် ၁၄ ဦး အပါအဝင် လူ ၁၉ ဦး သေဆုံးမှုအား ဝမ်းနည်းအောက်မေ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ စစ်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများသည် လစ်ဗျားနိုင်ငံ ပြည်သူများ၏ အသက်အိုးအိမ်ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိသလို ပြည်သူလူထု လုံခြုံဘေးကင်းစွာ ပညာသင်ကြားရေး၊ ဆေးကုသရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများရရှိရေးကို အတားအဆီးဖြစ်စေပြီး စစ်ရပ်ဆိုင်းပြီးနောက် သေဆုံးဒဏ်ရာရမှုများ ဆက်လက် ဖြစ်ပွားစေနိုင်ကြောင်း ဖော်ပြထားသည်။

လစ်ဗျား မိုင်းရှင်းလင်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် Tripoli၊ Misrata၊ Benghaziနှင့် Sirte စသည့် မြို့များတွင် ပေါက်ကွဲစေတတ်သောပစ္စည်း ၂၇,၄၀၀ ကို ရှင်းလင်းခဲ့ကြောင်း၊ နောက်ထပ်လုပ်ဆောင်ရမည့် လုပ်ငန်းများစွာ ရှိနေသေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

……………………………..
(Chinese Version)
联合国:利比亚逾1500万平方米区域仍受战争遗留爆炸物影响
新华社突尼斯4月4日电(记者潘晓菁)的黎波里消息:联合国利比亚支助特派团(联利支助团)4日发表声明说,利比亚境内仍有逾1500万平方米区域遭受战争遗留爆炸物影响。
声明说,4月4日是“国际提高地雷意识和协助地雷行动日”,联利支助团缅怀2022年在利比亚因战争遗留爆炸物死亡的19人,其中包括14名儿童。遗留爆炸物对利比亚人民的生命和生计构成日常威胁,阻碍民众安全获得教育、医疗和发展的机会,并在停战后持续造成人员伤亡。
声明说,利比亚清除地雷行动合作伙伴2022年在的黎波里、米苏拉塔、班加西和苏尔特等城市共清除27400件爆炸物,仍有许多工作要做。
1, 2022年8月28日,在利比亚首都的黎波里,人们聚集在受损的房屋前。 新华社发(哈姆扎•图尔基亚摄)