Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး Padma တံတားပေါ်တွင် ရထား စမ်းသပ်ပြေးဆွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့စွန်ရှိ Munshiganj ခရိုင်တွင် Padma ဘက်စုံတံတား တည်ဆောက်မှုလုပ်ငန်းခွင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တည်ဆောက်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကြီးဆုံး Padma တံတားအား ဖြတ်သန်း၍ အသစ်တည်ဆောက်ထားသော ရထားလမ်းပေါ်တွင် ပထမဆုံးရထားကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဧပြီ ၄ ရက်၌ စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးရထားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရထားလုပ်ငန်းဝန်ကြီး Nurul Islam Sujan ၊ အဆင့်မြင့်အရာရှိများ၊ ဥပဒေပြုအမတ်များ၊ နိုင်ငံရေးသမားများနှင့် သတင်းထောက်များနှင့် အခြားသူများကို တင်ဆောင်လျက် စမ်းသပ်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

Padma တံတားအနီး ရထားဖြတ်သန်းသွားစဉ် China Railway Group Limited (CREC) အလုပ်သမားများက ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် နိုင်ငံအလံများကို ဝှေ့ယမ်းလျက် ကြိုဆိုခဲ့ကြပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြသည်။

Padma တံတားသည် ဒါကာမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၄၀ ခန့်၌ တည်ရှိသည်။ Padma တံတား ရထားလမ်း၏ အလျားမှာ ၁၇၂ ကီလိုမီတာရှိပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် စတင်တည်ဆောက်ခဲ့သော ထိုရထားလမ်းမှာ ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Trial run of train conducted over Bangladesh’s largest Padma bridge
DHAKA, April 6 (Xinhua) — The Bangladeshi government launched the first train on a newly-constructed rail line on Tuesday through the South Asian country’s largest Chinese-built Padma bridge.
The special train, run on a trial basis, carried Bangladeshi Railways Minister Nurul Islam Sujan, senior officials, lawmakers, politicians and journalists, among others.
China Railway Group Limited (CREC) workers welcomed the train waving mini-flags of Bangladesh and China and setting off fireworks as the train was passing a station near the Padma bridge.
The Padma Bridge is located about 40 km southwest of Dhaka. The full length of the Padma Bridge rail link is 172 km and the railway, which started to be constructed in July 2018, is scheduled to be completed in 2024.
Photo 1-3 : Photo taken on Sept. 12, 2021 shows a view of Padma Multipurpose Bridge Project under construction in Munshiganj on the outskirts of Dhaka, Bangladesh. (Xinhua)