Connect with us

Asia

ဂျပန်နိုင်ငံတွင် တင်သွင်းထားသော လျှပ်စစ်ကားရောင်းအား ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၆၅ ရာခိုင်နှုန်းမြင့်တက်ခဲ့

ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကျိုတိုအမျိုးသမီးတက္ကသိုလ်သို့ ရောက်ရှိလာသော BYD လျှပ်စစ်ကားတစ်စီးကို ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တင်သွင်းထားသော လျှပ်စစ်ကားရောင်းချမှုအရေအတွက်မှာ ၁၆,၄၆၄ စီး ရှိခဲ့ပြီး ယမန်နှစ်ကထက် ၆၅.၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စက်မှုလုပ်ငန်းအဖွဲ့က ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ယခင်လက ကုန်ဆုံးခဲ့သောဘဏ္ဍာနှစ်အတွင်း ပြည်ပမှတင်သွင်းရောင်းချသော မော်တော်ကား အစီးရေ ၂၄၆,၁၉၆ စီး၏ ၆.၇ ရာခိုင်နှုန်းရှိကြောင်း ဂျပန်နိုင်ငံ မော်တော်ယားတင်သွင်းသူများအသင်းက ဆိုသည်။

ဂျပန်နိုင်ငံ၌ အသစ်ရောင်းချထားသော ခရီးသည်တင်ကား အစီးရေ ၃.၆၁ သန်းတွင် ၇၇,၀၀၀ စီးခန့်က လျှပ်စစ်ကားများဖြစ်ကြောင်း၊ တင်သွင်းသောမော်တော်ကားများ၌ လျှပ်စစ်ကားရာခိုင်နှုန်း မြင့်မားရခြင်းမှာ ပြည်ပကားထုတ်လုပ်သူများ၏ ဂျပန်ကားထုတ်လုပ်သူများထက် ထုတ်ကုန်အမျိုးအစားစုံလင်စွာ ပေးစွမ်းနိုင်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း မော်တော်ကားနှင့်ဆက်စပ်သောအဖွဲ့အစည်းများက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Imported EV sales in Japan jump 65 pct to record high in fiscal 2022
TOKYO, April 6 (Xinhua) — The number of imported electric vehicles (EV) sold in Japan during fiscal 2022 jumped 65.0 percent from a year earlier to a record 16,464 units, an industrial organization said on Thursday.
The figure represents 6.7 percent of the 246,196 imported cars sold in the year ended last month, the Japan Automobile Importers Association said.
Of the 3.61 million passenger cars newly sold in Japan, about 77,000 were EVs, the organizations said, noting that the higher EV percentage for imported cars may reflect the wider variety of products offered by foreign makers than their Japanese rivals.
Photo : A BYD electric bus arrives at the Kyoto Women’s University in Kyoto, Japan on June 20, 2018. (Xinhua/Ma Ping)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.