Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့်မြို့တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၊ Chongqing Donggang မော်တော်ကားအီလက်ထရွန်းနစ် စက်မှုဇုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ မတ် ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၌ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် အဓိက စီမံကိန်း ၇၀ အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ် ၂၀၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်) ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းမြို့၏ ကျိုလုံးဖောခရိုင်တွင် ဧပြီ ၆ ရက်က ပူးတွဲ လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအသစ်များက အသိဉာဏ်နှင့် ကွန်ရက်ချိတ်ဆက်ထားသော စွမ်းအင်သစ်ကားများ (NEVs)၊ ပေါင်းစပ်လျှပ်စစ်ပတ်လမ်းများ၊ ဇီဝဆေးဝါးများ၊ ဆော့ဖ်ဝဲလ်အချက်အလက်များအပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့အပါအဝင် အဓိကစက်မှုလုပ်ငန်းများ၌ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများ၏ ၇၈ ရာခိုင်နှုန်းကျော်တွင် ယွမ် ၁ ဘီလီယံကျော်ရှိသော သဘောတူစာချုပ်များ ပါဝင်သည်။ အထူးသဖြင့် လက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်းငါးခုသည် ယွမ် ၁၀ ဘီလီယံကျော် ရှိသော ရင်းနှီးမြှုပ်နှံမှုများ ခရိုင်အစိုးရထံမှ သိရသည်။ (Xinhua)

……………………………..
(English Version)
Over 30 bln USD of investment signed in SW China’s Chongqing
CHONGQING, April 6 (Xinhua) — In the first quarter of this year, southwest China’s Chongqing Municipality has inked 70 major projects with a total contract investment value of over 208 billion yuan (about 30 billion U.S. dollars), said local authorities.

A joint signing ceremony was held Thursday in the city’s Jiulongpo District. These new investments will be spread across key industries including intelligent and networked new energy vehicles (NEVs), integrated circuits, biomedicine, software information, as well as scientific and technological innovation.
Over 78 percent of the projects involve deals of more than 1 billion yuan. Notably, five of the projects signed are for investments exceeding 10 billion yuan, according to the district’s government.
This aerial photo taken on March 13, 2023 shows a view of a construction site of the Chongqing Donggang automotive electronics industrial park in southwest China’s Chongqing Municipality. (Xinhua/Tang Yi)