Connect with us

Europe

မော်စကို-ဘီလာရုစ် ပေါင်းစည်းရေးမြှင့်တင်ရန် ပူတင်နှင့် လူကာရှန်ကိုတို့ ကတိပြု

ကရင်မလင်နန်းတော်တွင် ရုရှားနိုင်ငံ နှင့်ဘီလာရုစ်နိုင်ငံတို့ ၏ Supreme State Council အစည်းအဝေး မတိုင်မီ ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို တို့ လက်ဆွဲနှုတ်ဆက်နေမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို တို့ နှစ်နိုင်ငံကြား ရှေ့ဆက်၍ ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးဆောင်ရွက်ရန် ဧပြီ ၆ ရက်တွင် ကတိပြုခဲ့သည်။

ကရင်မလင်နန်းတော်တွင် ရုရှားနိုင်ငံ နှင့်ဘီလာရုစ်နိုင်ငံတို့ ၏ Supreme State Council အစည်းအဝေးကို ပူးတွဲ သဘာပတိအဖြစ်ဆောင်ရွက်စဉ် ခေါင်းဆောင်နှစ်ဦးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ပူတင်က ၂၀၂၁ခုနှစ်က ပြုလုပ်ခဲ့သည့် Supreme State Council အစည်းအဝေးအတွင်း အတည်ပြုခဲ့သော ဦးစားပေးကဏ္ဍ ၂၈ ခု ပေါင်းစည်းမှုတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
အစည်းအဝေးအပြီး ရုရှား-ဘီလာရုစ် တစ်သားတည်းဖြစ်ရေး ကို ပိုမိုနက်ရှိုင်းစေမည့် သဘောတူညီချက် ၇ ချက်အား နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Putin, Lukashenko pledge to boost Russia-Belarus integration
MOSCOW, April 6 (Xinhua) — Russian President Vladimir Putin and Belarusian President Alexander Lukashenko vowed on Thursday to push ahead the integration process between the two countries.
The two leaders made the remarks when jointly chairing a meeting of the Supreme State Council of the Union State of Russia and Belarus in the Kremlin.
At the meeting, Putin noted that “significant achievements” had been made in the integration of 28 prioritized sectors approved during the previous Supreme State Council meeting in 2021.
After the meeting, the two sides signed seven documents in a bid to further deepen Russia-Belarus integration. ■
Russian President Vladimir Putin shakes hands with Belarusian President Alexander Lukashenko before a meeting of the Supreme State Council of the Union State in the Kremlin on April 6, 2023. (Kremlin photo)