Connect with us

China

ဆူဒန်နိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များအနေဖြင့် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် တရုတ်အထူးကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂ၊ မေ ၂၃ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံရှိ ပဋိပက္ခဖြစ်ပွာနေသော အဖွဲ့အစည်းများအနေဖြင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် တရုတ်အထူးကိုယ်စားလှယ်က မေ ၂၂ ရက်၌ ပြောကြားခဲ့သည်။“ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဆူဒန်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူများချမ်းသာသုခရရှိဖို့ကို ဦးစားပေးပြီး တိုက်ခိုက်မှုတွေကိုလည်း ဖြစ်နိုင်သမျှမြန်မြန် ရပ်တန့်ဖို့နဲ့ ဆွေးနွေး ညှိနှိုင်းမှုကတစ်ဆင့် မတူကွဲပြားမှုတွေကို အဖြေရှာလိမ့်မယ်လို့ ဆူဒန်ရဲ့ မိတ်ဆွေကောင်းနဲ့ မိတ်ဖက်ကောင်းအဖြစ် ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် သိုက်ပင်းက ဆူဒန်အရေး လုံခြုံရေးကောင်စီအစည်းအဝေး၌ ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းနှစ်ရပ်ကြား ကြိမ်ဖန်များစွာ ယာယီစစ်ပြေငြိမ်းမှုများ ရရှိခြင်းနှင့် ဂျက်ဒါမြို့တွင် မေ ၂၀ ရက်၌ ကာလတို အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စီမံခန့်ခွဲမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းကို ဂရုပြုမိကြောင်း သိုက်က ဆိုသည်။ “အလေးထားရမယ့်တာဝန်ကတော့ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို ကာကွယ်ရေးနဲ့ လုံခြုံရေးအာမခံချက်တွေပံ့ပိုးပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ ဘေးလွတ်ရာရွှေ့ပြောင်းမှု အဆင်ပြေချောမွေ့စေရေးဆိုင်ရာ ကတိကဝတ်များကို သေသေချာချာအကောင်အထည်ဖော်ဖို့ပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးမှုအရှိန်အဟုန် ဆက်လက်ရှိနေဖို့၊ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေ ပိုမိုကြိုးပမ်းရှာဖွေဖို့နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ မျှော်လင့်ပါတယ်” ဟု သိုက်က ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)
………………………………
China envoy urges conflicting parties in Sudan to cease hostilities promptly
UNITED NATIONS, May 22 (Xinhua) — A Chinese envoy on Monday called on the conflicting parties in Sudan to halt hostilities promptly.
“As a good friend and good partner of Sudan, we sincerely hope that the two parties to the conflict will give priority to Sudan’s peace and the well-being of its people, stop hostilities as soon as possible, and resolve differences through dialogue and negotiation,” Dai Bing, China’s deputy permanent representative to the United Nations, told the Security Council meeting on the situation in Sudan.
Dai said China has noted that the two parties to the conflict have reached temporary ceasefire on multiple occasions and signed the Agreement on a Short-term Ceasefire and Humanitarian Arrangement in Jeddah last Saturday.
“The pressing task is to ensure the implementation of commitments to protect civilians and civilian infrastructure and to provide security guarantees for and facilitate humanitarian assistance and evacuation,” he said.
“We hope that the parties to the conflict will continue the momentum of dialogue, strive for a more durable ceasefire and political arrangement, and bring the country’s development back on track,” he added.
Photo: Dai Bing (front), China’s deputy permanent representative to the United Nations, speaks during the opening of the main session of the Fifth Committee of the 77th UN General Assembly at the UN headquarters in New York, Oct. 3, 2022. (Xinhua/Xie E)