Connect with us

Economy

တရုတ်နိုင်ငံ၏ ခရီးသည်သွားလာမှု ဧပြီလတွင် ၁၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လတွင် စီးပွားဖြစ် သယ်ယူပို့ဆောင်ရေးမှတစ်ဆင့် ခရီးသည် ခရီးစဉ်စုစုပေါင်း သန်း၇၈၀ ကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၁၄၁.၁ ရာခိုင်နှုန်း တိုးလာကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ၏ မေ ၃၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။စီးပွားဖြစ်ခရီးသွားလာမှု အမျိုးအစားအားလုံးအနက် ကုန်းလမ်းခရီးသွားလာမှုအရေအတွက် ၄၉.၇ ရာခိုင်နှုန်းတိုးလာကာ သန်း ၃၈၀ ရရှိခဲ့ကြောင်း ၊ ရေလမ်းခရီးသွားလာမှု အနေဖြင့် ၄၀၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၁.၇၆ သန်း တိုးလာကြောင်း ဝန်ကြီးဌာန မှ ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။

ဧပြီလတွင် မြို့ပြဒေသများတွင် ခရီးသည် ခရီးစဉ် စုစုပေါင်း ၈.၂၄ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူကထက် ၄၇.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ သင်္ဘောဖြင့် သွားလာမှုသည် တိုးတကမှု စံချိန်အမြင့်ဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် မြို့ပြရထားသယ်ယူပို့ဆောင်ရေး ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ယခင်လက မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရင်းနှီးမြှုပ်နှံမှု သည် ယွမ် ၃၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၄ .၄၈ ဘီလီယံခန့်) ရှိပြီး ယမန်နှစ် ကာလတူထက် ၁၃.၆ ရာခိုင်နှုန်း တိုးလာကြောင်း ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

————————-
China’s passenger traffic surges over 140 pct in April
BEIJING, May 30 (Xinhua) — China handled a total of 780 million passenger trips via commercial transport last month, a surge of 141.1 percent year on year, said the Ministry of Transport on Tuesday.
Among all types of commercial transport, road trips increased 49.7 percent to 380 million, while the number of waterway trips soared 403.7 percent to 21.76 million, data from the ministry showed.
A total of 8.24 billion passenger trips were made in urban areas in April, an expansion of 47.9 percent year on year. Ferries recorded the largest increase, followed by urban rail transit transport.
The ministry’s data also showed that cargo volume, as well as cargo throughput at ports, maintained double-digit growth during the period.
Fixed-asset investment in transport reached 315 billion yuan (about 44.48 billion U.S. dollars) last month, up 13.6 percent year on year, according to the ministry. ■