Connect with us

North America

နာဆာ၏ အာကာသ မှန်ပြောင်းမှတစ်ဆင့် အံ့ဩဖွယ်ရာတောက်ပနေသော ကြယ်အစုအဝေး၏ ပေါက်ကွဲမှု ဓာတ်ပုံရိုက်ကူးမိ

နာဆာ၏ ဟက်ဘယ်အာကာသ မှန်ပြောင်း (Hubble Space Telescope ) မှ တစ်ဆင့် AM 1214-255 ဟုလူသိများသော ကြယ်အစုအဝေး ပေါက်ကွဲမှုဓာတ်ပုံအသစ်ကို တွေ့ရစဉ် (Photo Credit: NASA)

လော့အိန်ဂျလိစ်၊ မေ ၄ ရက် (ဆင်ဟွာ)

နာဆာ၏ ဟက်ဘယ်အာကာသ မှန်ပြောင်း (Hubble Space Telescope ) မှ တစ်ဆင့် AM 1214-255 ဟုလူသိများသည့် အံ့ဩဖွယ်ရာတောက်ပနေသော ကြယ်အစုအဝေး ပေါက်ကွဲမှုကို ဓာတ်ပုံရိုက်ကူးမိခဲ့ကြောင်း ယင်းအေဂျင်စီက မေ ၃ ရက် တွင်ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်တွင် ကြယ်အစုအဝေး၏ ထူးခြားစွာတောက်ပနေသောဗဟိုချက် active galactic nuclei (AGN) ပါဝင်သည်။ ၎င်း၏ ထူးကဲသောတောက်ပမှုက ကြယ်အစုအဝေးဗဟိုချက်ရှိ အလွန်ကြီးမားသော တွင်းနက်ကြီးအတွင်းသို့ အလွန်လျင်မြန်စွာ ချာချာလည်ဝင်ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း နာဆာ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………..
(English Version)
NASA’s Hubble Space Telescope captures extraordinarily bright interacting galaxies
LOS ANGELES, May 3 (Xinhua) — NASA’s Hubble Space Telescope has captured a new image of extraordinarily bright interacting galaxies known as AM 1214-255, the agency said Wednesday.
These galaxies contain active galactic nuclei (AGN), an extraordinarily luminous central region of a galaxy. Its extreme brightness is caused by matter whirling into a supermassive black hole at the galaxy’s heart, according to NASA. ■
This new image from NASA’s Hubble Space Telescope shows interacting galaxies known as AM 1214-255. (Photo Credit: NASA)