Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ဧပြီလ၌ ငွေကြေးဖောင်းပွမှု ၃၆.၄ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိ ရှိ ငွေလဲစင်တာတစ်ခုတွင် အမေရိကန်ဒေါ်လာရေတွက်နေသူတစ်ဦးကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသည် ဧပြီလတွင် ယမန်နှစ်ကထက် ငွေကြေးဖောင်းပွမှု ၃၆.၄ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိရှိ ကုန်ခြောက်ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်နေကြသည့်သူများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်း၏ အဓိကမောင်းနှင်အားအဖြစ်ရှိနေပြီး ဧပြီလ၌ ငွေကြေးဖောင်းပွမှုမှာ ယမန်လကထက် ၂.၄ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း စာရင်းအင်းဗျူရို၏ဧပြီ ၂ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စားသောက်ကုန်များ၏ စားသုံးသူညွှန်းကိန်း (CPI) သည် ယခင်နှစ်က ၁၇၆.၃၈ ရှိရာမှ ဧပြီလတွင် ၂၆၁.၁၇ အထိမြင့်တက်လာခဲ့ရာ ၄၈ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်မှာ ၅၆.၇၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

ဂျုံမှုန့်ဈေးနှုန်း ၁၀၆.၇ ရာခိုင်နှုန်း၊ ဂျုံစေ့ဈေးနှုန်း ၁၀၃.၅၂ ရာခိုင်နှုန်း၊ ကြက်ဥ၊ဘဲဥဈေးနှုန်း ၁၀၀.၈၈ ရာခိုင်နှုန်း၊ ဆန်ဈေးနှုန်း ၈၇.၈၆ ရာခိုင်နှုန်း၊ အာလူးဈေးနှုန်း ၇၆.၈၇ ရာခိုင်နှုန်း၊ ကြက်သားဈေးနှုန်း ၄၃.၁၃ ရာခိုင်နှုန်း၊ သကြားဈေးနှုန်း ၄၂.၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)

……………………………
(English Version)
Pakistan reports record high inflation of 36.4 pct in April
ISLAMABAD, May 4 (Xinhua) — Pakistan saw a record high inflation of 36.4 percent year on year in April, the Pakistan Bureau of Statistics (PBS) has said.
Inflation in April increased by 2.4 percent month on month with the food price hike remaining as the major driver behind the rise, said the agency on Tuesday.
Consumer Price Index (CPI) of the food group increased to 261.17 in April from 176.38 a year earlier, marking a surge of over 48 percent while the transport group rose 56.77 percent.
The data showed an increase in the price of wheat flour of 106.7 percent, wheat of 103.52 percent, eggs of 100.88 percent, rice of 87.86 percent, potatoes of 76.87 percent, chicken of 43.13 percent and sugar of 42.14 percent.
(1)A money changer counts U.S. dollars at a shop in southern Pakistani port city of Karachi on April 7, 2022. (Str/Xinhua)
(2)People shop at a grocery store in southern Pakistani port city of Karachi on Aug. 2, 2022. (Str/Xinhua)