Connect with us

Asia

ဗီယက်နမ်ဗဟိုဘဏ်က နိုင်ငံခြားအရန်ငွေများကို မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ၀ယ်ယူ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ အမေရိကန်ဒေါ်လာငွေစက္ကူများကို ၂၀၂၀ပြည့်နှစ်၊ မတ် ၁၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားငွေအရန်ငွေများကို မြှင့်တင်ရန်အတွက် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် ၀ယ်ယူခဲ့ကြောင်း ဗီယက်နမ်ဘဏ်များအသင်းမှ ထုတ်ဝေသော မေ ၆ ရက်ထုတ် သတင်းစာတွင်ဖော်ပြထားသည်။

တက်ကြွပြီး လိုက်လျောညီထွေရှိသော ငွေကြေးမူဝါဒနှင့် တည်ငြိမ်သော ငွေလဲနှုန်းသည် ဗီယက်နမ်နိုင်ငံဗဟိုဘဏ် (SBV) အား ၎င်း၏ နိုင်ငံခြားငွေများကို ဆက်လက်ဝယ်ယူနိုင်စေခဲ့ခြင်းဖြစ်ကြောင်း SBV အုပ်ချုပ်ရေးမှူး Nguyen Thi Hong က ဟနွိုင်းမြို့ ၌ ပြုလုပ်သော ဝန်ကြီးများအဖွဲ့၏ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း မြင့်တက်မှုကြောင့် ဒေါင်ငွေ စံချိန်တင်နိမ့်ကျသွားပြီးနောက် ပြည်တွင်းသုံးငွေကို ပံ့ပိုးရန်အတွက် ဗီယက်နမ်သည် ၂၀၂၂ခုနှစ်က အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ခန့်ကို ရောင်းချခဲ့ရကြောင်း ဈေးကွက်လေ့လာသုံးသပ်သူများထံမှ သိရသည်။

ဗီယက်နမ်သည် ဇန်နဝါရီမှ ဧပြီလအတွင်း ယမန်နှစ်ကထက် ပိုမိုများပြားသော ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆ .၃၅ ဘီလီယံနှင့် အမှန်တကယ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် ၁.၂ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅.၈၅ ဘီလီယံအထိ အနည်းငယ် ကျဆင်းခဲ့သည်။

ဗီယက်နမ်၏ မက်ခရိုစီးပွားရေးအခြေအနေများနှင့် နိုင်ငံတကာဈေးကွက်များနှင့်အညီ ငွေကြေးမူဝါဒများကို လိုက်လျောညီထွေရှိပြီး တက်ကြွသောမူဝါဒများဖြင့် စီမံခန့်ခွဲမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Vietnam’s central bank buys 6 bln USD to shore up reserves
HANOI, May 6 (Xinhua) — Vietnam’s central bank has bought around 6 billion U.S. dollars since the beginning of the year to boost its foreign exchange reserves, the Vietnam Banks Association’s newspaper reported on Saturday.
A proactive and flexible monetary policy and stable exchange rate have allowed the State Bank of Vietnam (SBV) to continue its purchases of foreign currencies, said SBV Governor Nguyen Thi Hong at a regular meeting of the Cabinet of Ministers in Hanoi.

Last year, Vietnam was forced to sell about 20 billion U.S. dollars to support the domestic currency after the dong fell to a record low following aggressive interest rate hikes by the U.S. Federal Reserve, according to market analysts.
Vietnam posted a wider year-on-year trade surplus of 6.35 billion U.S. dollars and a slight decline of 1.2 percent in actual foreign direct investment inflows to 5.85 billion U.S. dollars in the January-April period.
The central bank said it will manage monetary policies in a flexible and proactive way and in line with Vietnam’s macroeconomic conditions and international markets. Enditem
Photo taken on March 19, 2020 shows U.S. dollar banknotes in Washington D.C., the United States. (Xinhua/Liu Jie)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.