Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့သော တရုတ်နှင့် အလယ်အာရှ ၅ နိုင်ငံကြား သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးကို ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ မေ ၁၈ ရက်နှင့် ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က မေ ၈ ရက်တွင် ကြေညာခဲ့သည်။တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ထိုအစည်းအဝေးသို့ ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev ၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ဟွာက ဆိုသည်။ (Xinhua)

………………………………………………
Xi to chair China-Central Asia Summit
BEIJING, May 8 (Xinhua) — The China-Central Asia Summit will be held on May 18 and 19 in Xi’an, Shaanxi Province. Chinese President Xi Jinping will chair the summit, foreign ministry spokesperson Hua Chunying announced here on Monday.
At China’s invitation, President Kassym-Jomart Tokayev of Kazakhstan, President Sadyr Japarov of Kyrgyzstan, President Emomali Rahmon of Tajikistan, President Serdar Berdimuhamedov of Turkmenistan and President Shavkat Mirziyoyev of Uzbekistan will be attending the summit, Hua said.
Photo: Chinese President Xi Jinping chairs a virtual summit commemorating the 30th anniversary of the establishment of diplomatic relations between China and five Central Asian countries and delivers an important speech in Beijing, capital of China, Jan. 25, 2022. (Xinhua/Pang Xinglei)