Connect with us

Africa & Middle East

အစ္စရေးက ဂါဇာရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံး

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Younis မြို့တွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုအပြီး မီးခိုးများနှင့် မီးတောက်များကို ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဂါဇာ၊ မေ ၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ Palestinian Islamic Jihad (PIJ) လှုပ်ရှားမှု၏ စစ်ရေးပစ်မှတ်များကို အစ္စရေးတိုက်လေယာဉ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၀ ကျော်ထိခိုက်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။

ဂါဇာမြို့၊ Shifa ဆေးရုံရှိ ရင်ခွဲရုံ၌ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ပါလက်စတိုင်း ကလေးတစ်ဦး၏ ဆွေမျိုးတစ်ဦးက ငိုကြွေးနေသည်ကို ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း၊ Rafah မြို့ရှိ ဆေးရုံတစ်ခုတွင် ငိုကြွေးနေကြသည့် ပါလက်စတိုင်းများကို တွေ့ရစဉ် (ဆင်ဟွာ)

အဓိကအားဖြင့်ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းနှင့် ဂါဇာစီးတီးရှိ Rafah မြို့နှင့် Khan Younis မြို့များရှိ အဆောက်အဦများ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံနေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပါလက်စတိုင်းလုံခြုံရေး အရာရှိက ဆင်ဟွာသို့ပြောကြားသည်။
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ PIJ စစ်သွေးကြွများကို တိုက်ခိုက်သည့် “Shield and Arrow”စစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်တပ်နှင့် အထွေထွေလုံခြုံရေးဌာနတို့ ပူးပေါင်းစစ်ဆင်ရေးတွင် “ဂါဇာမြောက်ပိုင်းရှိ PIJ တပ်မှူး၊ဂါဇာကမ်းမြောင် West Bank ရှိ လှုပ်ရှားမှုများကို ညွှန်ကြားသော PIJ ခေါင်းဆောင် နှင့် PIJ စစ်ဘက်ဆိုင်ရာကောင်စီအတွင်းရေးမှူးတို့ကို ရှင်းလင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆင်ရေးတွင် သေဆုံးခဲ့သည့် PIJ ခေါင်းဆောင် ၃ ဦးမှာ “လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိပါးစေကြောင်း’’ အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ Daniel Hagari ကပြောသည်။ (Xinhua)
………………………………………
(English Version)
Israel intensifies airstrikes on military targets in Gaza, killing 12
JERUSALEM/GAZA, May 9 (Xinhua) — Israeli fighter jets on Tuesday morning intensified airstrikes on military targets of the Palestinian Islamic Jihad (PIJ) movement in the Gaza Strip, killing at least 12 people and injuring more than 20 others, said the Palestinian health ministry.
Palestinian security officials in Gaza told Xinhua that the airstrikes were carried out against buildings, military facilities, and posts mainly in the towns of Rafah and Khan Younis in southern Gaza Strip and in Gaza City.
An Israeli army spokesman said in a press statement that the Israeli army launched the military operation “Shield and Arrow” against the PIJ militants in the Gaza Strip, which is ongoing.
In a joint operation of the army and the General Security Service, “PIJ commander in northern Gaza, a PIJ leader responsible for directing activities in the West Bank from Gaza, and the secretary of the military council of PIJ were all eliminated,” the statement said.
Israel Defense Forces Spokesman Daniel Hagari said the three PIJ leaders who were killed in the operation were “an undermining factor for security stability.”
(1)Smoke and flames rise after an Israeli airstrike in the southern Gaza Strip city of Khan Younis on May 9, 2023. (Photo by Yasser Qudih/Xinhua)
(2)A relative of a Palestinian child, who was killed in an Israeli airstrike, mourns at the morgue of Shifa Hospital in Gaza City, May 9, 2023. (Photo by Rizek Abdeljawad/Xinhua)
(3)Palestinians mourn at a hospital in the southern Gaza Strip city of Rafah, May 9, 2023. (Photo by Khaled Omar/Xinhua)