Connect with us

China

တရုတ်နိုင်ငံက ဒေသဖြတ်ကျော်လက်ထပ်ထိမ်းမြားမှတ်ပုံတင်ခြင်း အဆင်ပြေချောမွေ့စေရေးမြှင့်တင်

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ နန်ကျင်းမြို့ ကျန့်ယဲ့ ခရိုင်ရှိ ပြည်သူ့ရေးရာဗျူရိုတွင် လက်ထပ်မှတ်ပုံတင်ပြီးစ ကြင်စဦးဇနီးမောင်နှံ နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့ရှိ ပစ္စည်းပို့ဆောင်သူ အသက် ၂၈ နှစ်အရွယ် Wang Zhijie သည် သုံးနှစ်ကြာတွဲခဲ့သော ချစ်သူမိန်းကလေးနှင့် ဇွန် ၁ ရက် ၌ ဒေသဆိုင်ရာ မှတ်ပုံတင်ရုံးတွင် တရားဝင် လက်ထပ်ခဲ့သည်။

မှတ်ပုံတင်ရသည့်လုပ်ငန်းစဉ် က ၎င်း၏ ပျော်ရွှင်မှုကိုဖြည့်စွက်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ဒေသဖြတ်ကျော်လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ရေး ရှေ့ပြေးစီမံချက်ဧရိယာများ ချဲ့ထွင်ဆောင်ရွက်လျက်ရှိသောကြောင့် အဆိုပါ လူငယ်စုံတွဲသည် ၎င်းတို့လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်ရန်အတွက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ ကီလိုမီတာ ၁၆၀၀ ခန့် ရှိသော ၎င်းတို့၏ မွေးရပ်မြေသို့ သွားရောက်ရန်မလိုအပ်တော့ပေ။
ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ကျန်းဆူးပြည်နယ် အပါအဝင် တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် ဒေသ ၂၁ ခု၌ ဒေသဖြတ်ကျော်လက်ထပ်ထိမ်းမြားမှုနှင့် ကွာရှင်းမှုမှတ်ပုံတင်ခြင်းမူဝါဒကို ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်လျက်ရှိသည်။

“ကျွန်တော်တို့လို ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဒီမူဝါဒက အရမ်းအဆင်ပြေပါတယ်။ ကျွန်တော်တို့ လက်ထပ်စာချုပ်ကို မှတ်ပုံတင်ဖို့အတွက် အချိန် ၁၀ မိနစ်ပဲ ကြာခဲ့ပြီး ခရီးစရိတ်အတွက် ယွမ် ၃၀၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၄၂၃ ခန့်) ချွေတာနိုင်ခဲ့ကြောင်း Wang ကဆိုသည်။

၂၀၂၀ပြည့်နှစ်တွင် တရုတ်နိုင်ငံသား ၄၉၃ သန်းခန့်မှာ ၎င်းတို့၏ အိမ်ထောင်စုစာရင်းနှင့် ဝေးကွာသောနေရာ၌ နေထိုင်ကြပြီး ယင်းအနက် အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားရှိသူများက ၇၀ရာခိုင်နှုန်းကျော်ရှိကြောင်း နောက်ဆုံးကောက်ယူထားသော ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ သိရသည်။ (Xinhua)

………………………………………
(English Version)
China improves facilitation of cross-regional marriage registration
NANJING, June 2 (Xinhua) — Wang Zhijie, a 28-year-old deliveryman in the city of Suzhou, east China’s Jiangsu Province, had a big day on Thursday when he officially married his girlfriend of three years at a local registration office.
The registration process added to his joy. Thanks to China’s expansion of its cross-regional marriage registration pilot areas, the young couple was able to avoid traveling some 1,600 km back to their hometown in the northeastern province of Liaoning to register their marriage.
Including Beijing, Shanghai and Jiangsu, 21 provincial-level regions in China began implementing a trial cross-regional marriage and divorce registration policy on June 1 this year.
“The policy is so convenient for migrants like me,” Wang said, adding that it only took 10 minutes to register their marriage and they saved nearly 3,000 yuan (about 423 U.S. dollars) in travel expenses.
Approximately 493 million Chinese people lived in away from the location of their household registration in 2020, with those aged between 15 and 35 accounting for more than 70 percent of that number, according to the latest national census.
Newlyweds pose for photos after marriage registration at a civil affairs bureau in Jianye District of Nanjing, east China’s Jiangsu Province, June 1, 2023. (Xinhua/Xia Peng)