Connect with us

North America

ပျောက်ဆုံးနေသော ရေငုပ်သင်္ဘောငယ်တွင် လိုက်ပါသွားသူ ၅ ဦးစလုံးသေဆုံး

တိုင်တန်ရေငုပ်သင်္ဘောငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- OceanGate Expeditions)

အော့တဝါ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ပျောက်ဆုံးနေသော တိုင်တန်ရေငုပ်သင်္ဘောငယ်မှ အပျက်အစီးများကို ဇွန် ၂၂ ရက် အစောပိုင်းက တိုင်တန်းနစ်သင်္ဘောအနီး၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ယင်းနေ့၌ ပြောကြားခဲ့သည်။

အဝေးထိန်းယာဉ် (ROV) က ပင်လယ်ကြမ်းပြင်ရှိ တိုင်တန်းနစ်သင်္ဘော၏ ဦးပိုင်းမှ ကီလိုမီတာဝက်ခန့်အကွာရှိ တိုင်တန်ရေငုပ်သင်္ဘောငယ် အမြီးပိုင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ တပ်မှူး John Mauger က ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တိုင်တန်းနစ်သင်္ဘောအပျက်အစီးများအနီး ပျောက်ဆုံးနေသော တိုင်တန်ရေငုပ်သင်္ဘောငယ်ကို ရှာဖွေရန် စေလွှတ်ထားသည့် ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောတစ်စင်းအား ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- U.S. Coast Guard)

အဆိုပါ ရေငုပ်သင်္ဘောငယ်ဖြင့် လိုက်ပါသွားသော ခရီးသည် ၅ ဦးမှာ ဘီလျံနာနှင့် စူးစမ်းလေ့လာသူ ဟာမစ်ရှ် ဟာ့ဒင်း၊ ပြင်သစ် စူးစမ်းလေ့လာသူ ပေါ်လ်ဟင်နရီ နာဂိုလတ်၊ ထင်ရှားသော ပါကစ္စတန်မိသားစုဝင် ရှာဇာဒါ ဒါဝတ်နှင့် ၎င်း၏သား ဆူလေမန်၊ OceanGate Expeditions စီအီးအိုနှင့် တိုင်တန် ရေငုပ်သင်္ဘောငယ် မောင်းသူ စတော့ခ်တန်ရက်ရှ်တို့ ဖြစ်ကြောင်း သိရသည်။

ရေငုပ်သင်္ဘောငယ်သည် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တိုင်တန်းနစ်သင်္ဘော အပျက်အစီးအနီး ရေငုပ်နေစဉ် ဇွန် ၁၈ ရက် နံနက်ပိုင်းက ကနေဒါနိုင်ငံ အရှေ့ပိုင်း Newfoundland ကမ်းရိုးတန်းမှ ကီလိုမီတာ ၆၀၀ ကျော်၌ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

OceanGate Expeditions သည် သမုဒ္ဒရာမျက်နှာပြင်မှ မီတာ ၃,၈၀၀ အောက်ရှိ သင်္ဘောအပျက်အစီးများထံ ရောက်ရှိရန် လူ ၅ ဦး လိုက်ပါနိုင်သော ရေငုပ်သင်္ဘောငယ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုင်တန်းနစ်သင်္ဘောဆီသို့ အချိန် ၇ ညအိပ်ပင်လယ်ရေကြောင်းခရီးစဉ်အတွက် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ကျသင့်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ကြေညာချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
All 5 people on board missing submersible dead
OTTAWA, June 22 (Xinhua) — The U.S. Coast Guard announced on Thursday that a debris field found by searchers near the Titanic earlier in the day is wreckage from the missing Titan submersible.
In a press briefing Thursday afternoon, U.S. Coast Guard Rear Admiral John Mauger said a remotely operated vehicle (ROV) discovered the tail cone of the Titan submersible about half a kilometer from the bow of the Titanic on the sea floor.
The five passengers included Hamish Harding, a billionaire and explorer; Paul-Henry Nargeolet, a French explorer; Shahzada Dawood and his son, Suleman Dawood, members of a prominent Pakistani family; and OceanGate Expeditions CEO and Titan pilot Stockton Rush.
The submersible went missing more than 600 kilometers off the coast of Newfoundland in eastern Canada early Sunday morning during a dive to the wreck of the Titanic in the North Atlantic.
OceanGate Expeditions used the five-person submersible to reach the wreckage 3,800 meters below the ocean surface. On its website, the company advertises a seven-night voyage to the Titanic for 250,000 U.S. dollars per person with the money raised by tourists going toward Titanic research.
Photo 1: File photo of the Titan submersible. (Photo credit: OceanGate Expeditions)
Photo 2: Photo released on June 21, 2023, shows the U.S. Coast Guard launches a ship searching for the missing Titan submersible near the wreck site of the Titanic. (Photo credit: U.S. Coast Guard)