Connect with us

China

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန့်မြို့မှ ဒူဘိုင်းမြို့ သို့ ခရီးသည်တင်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲ

တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်၊ တာ့လျန်မြို့ရှိ ကျိုးဆွေကျစ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံသန်းသွားသော China Southern လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်မြို့တော်ရှိ ဝူဟန့် ထျန်းဟယ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern လေကြောင်းလိုင်း၏ လေယာဉ်တစ်စီးသည် မြို့နှစ်မြို့ကို ဆက်သွယ်ထားသော ခရီးသည်တင်လေကြောင်းလမ်းကြောင်း ပြန်လည်စတင်ခြင်းအထိမ်းအမှတ်အဖြစ်ဇွန်၂၉ ရက်၌ ဒူဘိုင်းမြို့သို့ ပျံသန်းခဲ့ကြောင်း သိရသည်။

ယင်းမှာ COVID-19 ရောဂါဖြစ်ပွားမှုအတွင်း သုံးနှစ်ကျော် ရပ်နားထားခဲ့ပြီးနောက် ဝူဟန့်မြို့ မှ အရှေ့အလယ်ပိုင်းသို့ ပထမဆုံးပျံသန်းသည့် နိုင်ငံတကာ ခရီးသည်တင်လေကြောင်း ခရီးစဉ်လည်း ဖြစ်ကြောင်း သိရသည်။

Boeing ၇၈၇ ခရီးသည်တင် လေယာဉ်သည် အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် အသွားအပြန် ခရီးစဉ် သုံးကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ်လတွင် ဝူဟန့်မြို့မှ ဆစ်ဒနီ၊ တိုကျိုနှင့် လန်ဒန်မြို့တို့အပါအဝင် နိုင်ငံတကာမြို့ကြီးများသို့ လေကြောင်းခရီးစဉ်ငါးခုကို ပြန်လည်စတင်ပြေးဆွဲမည်ဖြစ်ပြီး ဖိလစ်ပိုင်ရှိ Boracay ကျွန်းနှင့် ထိုင်းနိုင်ငံရှိ ဖူးခက်ကမ်းခြေကဲ့သို့သော ခရီးသွားနေရာအချို့သို့လည်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Central China’s Wuhan resumes passenger air route to Dubai
WUHAN, June 29 (Xinhua) — A China Southern Airlines flight flew from Wuhan Tianhe International Airport, in the capital city of central China’s Hubei Province, to Dubai on Thursday, marking the resumption of the passenger air route linking the two cities.
This is the first international passenger air route from Wuhan to the Middle East after a hiatus of over three years due to COVID-19.
Operated by a Boeing 787 aircraft, the route will see three round-trip flights every week on Tuesdays, Thursdays and Saturdays.
By August, Wuhan will resume five more air routes to international metropolises including Sydney, Tokyo and London, as well as some tourist destinations, such as Boracay in the Philippines and Phuket in Thailand. Enditem
This file photo taken on Oct. 23, 2019 shows a plane of China Southern Airlines taking off from Zhoushuizi International Airport in Dalian, northeast China’s Liaoning Province. (Photo by Wang Youmian/Xinhua)