Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၁၁,၀၀၀ ကျော်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုအဖြစ် ခြင်ဆေးဖျန်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင်လပထမလဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် လူဦးရေ ၁၁,၀၀၀ ကျော် ဆေးရုံတက်ရောက်ခဲ့ရကြောင်း အထွေထွေကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန (DGHS) အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇူလိုင် ၁၅ ရက်က သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု အသစ် ၁,၆၂၃ ဦးနှင့် သေဆုံးသူ ၇ ဦးရှိခဲ့ရာ ရောဂါဖြစ်ပွားမှုအမြင့်ဆုံးဖြစ်ခဲ့ကြောင်း DGHS က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုအဖြစ် ခြင်ဆေးဖျန်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုအဖြစ် ခြင်ဆေးဖျန်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့တစ်နေ့တည်း စံချိန်တင်ကိန်းဂဏန်းမှာ ယခုနှစ် ဇန်နဝါရီမှစ၍ အမြင့်ဆုံးဖြစ်ကြောင်း၊ နိုင်ငံအတွင်း စုစုပေါင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေအတွက်မှာ ၁၉,၄၅၄ ဦးနှင့် သေဆုံးသူ ၁၀၀ ဦး ရှိပြီဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခြင်များ အကိုက်ခံရမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။ အဆိုပါ ရောဂါဖြစ်ပွားပါက ဖျားနာခြင်းခံစားရပြီး ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ကြွက်သားများနှင့် အရိုးအဆစ်များနာကျင်ခြင်း၊ အော့အန်ခြင်းနှင့် အနီစက်ထွက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Dengue cases surge in Bangladesh with over 11,000 hospitalized
DHAKA, July 16 (Xinhua) — More than 11,000 dengue patients were hospitalized in Bangladesh in the first half of July, according to the Directorate General of Health Services (DGHS).
The South Asian country experienced its highest spike in cases on Saturday, with 1,623 new infections and seven additional deaths reported, the DGHS said.
This single-day figure is the highest since January this year, bringing the total number of cases to 19,454 and the death toll to 100.
Dengue fever is a viral disease transmitted through the bite of infected Aedes mosquitoes. The disease causes an acute illness that usually follows symptoms such as headache, high fever, exhaustion, severe muscle and joint pain, vomiting and rash.
Photo 1-3: A worker sprays anti-mosquito fog in an effort to contain the spread of dengue in Dhaka, Bangladesh, July 16, 2023. (Xinhua)