Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၃၇ ဦးအထိ မြင့်တက်လာပြီး ၉ ဦးပျောက်ဆုံးလျက်ရှိ

တောင်ကိုရီးယားနိုင်ငံ၊ North Chungchong ပြည်နယ်၊ Chongju မြို့ ရှိ ရေမြုပ်နေသော ကားဂိုဒေါင်တစ်ခုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- NEWSIS via Xinhua)

ဆိုးလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူစုစုပေါင်း ၃၇ ဦးအထိ မြင့်တက်လာပြီး အခြားသူ ၉ ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၊ North Gyeongsang ပြည်နယ်၊ Yecheon ခရိုင်ရှိ မြေပြိုကျသောနေရာတစ်ခု၌ ရှာဖွေရေးလုပ်ဆောင်နေသော အနံ့ခံခွေးတစ်ကောင်နှင့် ကယ်ဆယ်ရေးသမားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ– NEWSIS via Xinhua)

တောင်ကိုရီးယားနိုင်ငံ North Gyeongsang ပြည်နယ် အရှေ့တောင်ပိုင်းနှင့် Chungcheong ပြည်နယ် အလယ်ပိုင်း တို့တွင် သေဆုံးသူ စုစုပေါင်း ၃၇ ဦးကို တွေ့ရှိခဲ့ကြောင်း ဗဟိုဘေးအန္တရာယ်နှင့် ဘေးကင်းရေး တုံ့ပြန်ရေး ဌာနချုပ်မှ သိရသည်။

ပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားခဲ့ကြောင်းနှင့် ယင်းအနက် ဒေသအချို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မိုးရေချိန် ၉၀၀မီလီမီတာကျော် စံချိန်တင်ခဲ့ကြောင်း သိရသည်။

North Gyeongsang ပြည်နယ်မှ ပျောက်ဆုံးနေသူ ၈ ဦး အပါအဝင် လူ ၉ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ နေအိမ်ပြိုကျခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားခဲ့ရာ နိုင်ငံတစ်ဝန်း ထိခိုက်သေဆုံးမှုများ တိုးမြင့်လာခဲ့သည်။
မိုးရွာသွန်းမှုကြောင့် မြို့နှင့် ပြည်နယ်၁၄ ခုမှ လူပေါင်း ၈၈၅၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ (Xinhua)

……………………….
(English Version)
Death toll from S. Korea’s torrential rains rises to 37 with 9 missing
SEOUL, July 17 (Xinhua) — The death toll from torrential rains over the past week in South Korea rose to 37, while nine others went missing, relevant authorities said on Sunday.
A total of 37 people had been found dead in southeastern North Gyeongsang province and central Chungcheong province, according to the central disaster and safety countermeasure headquarters.
Heavy rain warnings were issued for the provinces, some areas of which recorded an accumulated precipitation of more than 900 mm for the past week.
Nine people remained unaccounted for, including eight missing in the North Gyeongsang province.
Flooding, housing collapses and landslides increased the casualties across the country.
A total of 8,852 people from 14 cities and provinces were evacuated due to the downpour damage.
(1)Rescuers are in operation at a submerged garage in Chongju City, North Chungchong Province, South Korea, on July 16, 2023. (NEWSIS via Xinhua)
(2) A rescuer and a sniffer dog are in operation at a site of landslide in the county of Yecheon, North Gyeongsang Province, South Korea, on July 16, 2023. (NEWSIS via Xinhua)