Connect with us

Videos

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် Doksuri တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိ

ဖူကျိုး ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်ဖြစ်သည့် ဖူကျန့်တွင် တိုက်ဖွန်းမုန်တိုင်း Doksuri ကြောင့် ပြည်နယ်အတွင်းရှိ နေရာအများအပြား ပြင်းထန်စွာထိခိုက်ခဲ့သဖြင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။၂၀၂၃ ခုနှစ်အတွင်း ပဥ္စမမြောက် တိုက်ဖွန်းမုန်တိုင်းဖြစ်သည့် Doksuri ကြောင့် ဖူကျန့်ပြည်နယ် မြို့တော် ဖူကျိုးသည် ဇူလိုင် ၂၈ ရက်မှစ၍ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဖူကျိုးမြို့ရှိ မိုးလေဝသစောင့်ကြည့်ရေးစခန်းများတွင် သမိုင်းတစ်လျှောက် နေ့စဉ် မိုးရွာသွန်းမှုပမာဏ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး နေရာတစ်ချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုက်ဖွန်းမုန်တိုင်း Doksuri ကြောင့် ဖြစ်ပေါ်သည့် မိုးသက်မုန်တိုင်းများကြောင့် ဖူကျိုးမြို့တွင် အဆင့် ၁ အရေးပေါ်တုံ့ပြန်ရေးအား စတင်ခဲ့ပြီးနောက် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ဖူကျိုးမြို့ရှိ ဘတ်စ်ကားများ နှင့် မြေအောက်ရထားများအပါအဝင် အများပြည်သူသယ်ယူပို့ဆောင်ရေးအား ယာယီဆိုင်းငံ့လိုက်ကြောင်း သိရသည်။ (Xinhua)
———————–
Rescue efforts underway in E China after typhoon Doksuri
Search and rescue operations are underway in east China’s Fujian Province as Typhoon Doksuri has left parts of the coastal province severely affected.
Affected by Doksuri, the fifth typhoon of this year, Fujian’s capital city of Fuzhou has experienced continuous heavy rainfall since Friday.
Several meteorological observation stations in the city have recorded the highest daily precipitation in history, leading to waterlogging in some areas.
Public transportation, including buses and subways in Fuzhou, was temporarily suspended on Saturday morning after the city initiated a Level-I emergency response for rainstorms triggered by Typhoon Doksuri.
Xinhua News Agency correspondents reporting from Fuzhou, China. (XHTV)