Connect with us

Asia

တရုတ်နိုင်ငံက နှေးကွေးနေသော ကမ္ဘာ့စီးပွားရေးကို ကျော်လွှားနိုင်မည်ဟု အာဆီယံ မျှော်လင့်ကြောင်း မလေးရှားကျွမ်းကျင်သူပြော

ကွာလာလမ်ပူ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်း CAFTA & RCEP ပြခန်းသို့ လာရောက်လေ့လာသူများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက လက်ရှိ ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများကို ကျော်လွှားရန် ဦးဆောင်နိုင်မည်ဟု အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေဖြင့် မျှော်လင့်ကြောင်း မလေးရှားကျွမ်းကျင်ပညာရှင်တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) နှင့် ဘက်စုံတိုးတက်မှုရှိသော ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက် (CPTPP) တို့ တစ်ဟုန်ထိုးတိုးတက်လျက်ရှိပြီး ၎င်းတို့က ပိုမိုကောင်းမွန်သော ပေါင်းစည်းမှုအတွက် မူဘောင်အဖြစ် ပံ့ပိုးလျက်ရှိသလို နိုင်ငံများအနေဖြင့် အကျိုးရှိရှိအသုံးပြုကြရန် လူမှု-စီးပွားသုတေသနစင်တာ အမှုဆောင်ညွှန်ကြားရေးမှူး Lee Heng Guie က ပြောကြားခဲ့သည်။

“RCEP နဲ့ CPTPP တို့က ကုန်စည်နဲ့ ဝန်ဆောင်မှု ပို့ကုန်တွေ ပိုမိုကျယ်ပြန့်ဖို့နဲ့ ပိုမိုရင်းနှီးမြှုပ်နှံဖို့ ဒေသတွင်းစီးပွားရေးအားလုံးအတွက် ပလက်ဖောင်းတွေဖြစ်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………………

(English Version)

ASEAN looks to China to overcome sluggish global economy: Malaysian expert

KUALA LUMPUR, July 4 (Xinhua) — The economies of the Association of Southeast Asian Nations (ASEAN) are looking towards China taking the lead to overcome the current global economic challenges, a Malaysian expert told Xinhua in a recent interview.

Zooming in on the Regional Comprehensive Economic Partnership (RCEP) and Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP), Lee Heng Guie, executive director of Socio-Economic Research Center, a think tank said these already provide the framework for better integration and urged the parties to take advantage of them.

“We can see RCEP and CPTPP are platforms for all the regional economies … to widen the exports of goods and services and also to encourage more investment,” he said.

Photo 1: This aerial photo taken on May 11, 2023 shows a railway container distribution center in Qinzhou City, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)

Photo 2: People visit the CAFTA & RCEP Gallery during the 19th China-ASEAN Expo in Nanning, south China’s Guangxi Zhuang Autonomous Region, Sept. 19, 2022. (Xinhua/Zhou Hua)
#China #ASEAN #Economy #Challenge #တရုတ် #အာဆီယံ #စီးပွားရေး #စိန်ခေါ်မှု