Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ဘတ်ဂျက်ချွေတာကာ လူနေအပန်းဖြေမော်တော်ယာဉ်ဖြင့် စခန်းချခရီးထွက်ကြ

တူရကီနိုင်ငံ အန်တယ်ယာမြို့တွင် လူနေနောက်တွဲယာဉ်ဖြင့် အားလပ်ရက်ခရီးထွက်နေကြသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် နိုင်ငံအတွင်းရှိ နာမည်ကျော် ခရီးသွားနေရာများက သမားရိုးကျဝန်ဆောင်မှုဆိုင်ရာရွေးချယ်မှုများစွာ ကမ်းလှမ်းထားသော်ငြားလည်း တူရကီနိုင်ငံသားများသည် လူနေမော်တော်ယာဉ်များနှင့် အပန်းဖြေမော်တော်ယာဉ်များကဲ့သို့ ဘတ်ဂျက်ချွေတာသော အားလပ်ရက်ခရီးသွားခြင်းနည်းလမ်းများကို ပြောင်းလဲရွေးချယ်လာကြသည်။

“လက်ရှိစီးပွားရေးအခြေအနေနဲ့ မြေထဲပင်လယ်နဲ့ အေဂျီယံပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က အပန်းဖြေနေရာတွေရဲ့ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အားလပ်ရက်ခရီးထွက်ဖို့ အတော့်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့ ဟိုတယ်အခန်းခတွေကို မတတ်နိုင်ဘူး” ဟု မြို့တော် အန်ကာရာမှ အငြိမ်းစားတစ်ဦးဖြစ်သော မတ်တင်ဂိုကာက ဆင်ဟွာသို့ ပြောခဲ့သည်။

သို့ရာတွင် အသက် ၆၀ အရွယ် ဂိုကာနှင့် ၎င်း၏ဇနီးတို့သည် အပန်းဖြေခရီးထွက်သော ဗင်ကား သို့မဟုတ် အပန်းဖြေမော်တော်ယာဉ် (RV) ငှားရမ်းကာ ပိုမိုသက်သာသောဈေးနှုန်းဖြင့် သီတင်းပတ်များစွာကြာ အားလပ်ရက်ခရီးထွက်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
“သင့်တင့်တဲ့ အပန်းဖြေဟိုတယ်တစ်ခုမှာ နှစ်ပတ်ကြာ အားလပ်ရက်အတွက် ဈေးနှုန်းက လီရာ (lira) ၆၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂,၃၀၀ ခန့်) ရှိတယ်။ ဒါပေမဲ့ လူနေမော်တော်ယာဉ်နဲ့ဆိုရင်တော့ အဲဒီပမာဏရဲ့ သုံးပုံတစ်ပုံပဲ ကုန်ကျမှာပါ” ဟု ဂိုကာက ဆိုသည်။
၎င်းတို့ဇနီးမောင်နှံသည် လွန်ခဲ့သည့်နွေရာသီက အပန်းဖြေမော်တော်ယာဉ်တစ်စီး ငှားရမ်းခဲ့ပြီးနောက် ယခုနှစ်တွင် အလယ်အလတ်အရွယ်အစား လူနေမော်တော်ယာဉ်အဖြစ် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အပန်းဖြေမော်တော်ယာဉ်များနှင့် လူနေမော်တော်ယာဉ်များအပေါ် စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။ နေထိုင်စရိတ်မြင့်မားနေသည့်ကြားမှ တူရကီနိုင်ငံ၏ စီးပွားရေးကျပ်တည်းမှုများနှင့် နိုင်ငံငွေကြေးတန်ဖိုး လျော့ကျလာမှုများက တူရကီနိုင်ငံသားများကို ပိုမိုဈေးသက်သာသော အားလပ်ရက်ခရီးသွားပုံစံရွေးချယ်ရန် တွန်းအားပေးခဲ့သည်။ (Xinhua)

………………………………

(English Version)
Turks on budget turn to RV camping in times of economic crisis
ANKARA, July 6 (Xinhua) — Burdened by economic hardships, Turks have increasingly turned to budget-friendly holiday alternatives such as motorhomes and caravans, despite an array of conventional hospitality choices being offered in a country full of popular destinations.
“With the current economic situation and rising prices in resorts along the (Mediterranean, Aegean) coastline, going on holiday is extremely difficult, we cannot afford hotel accommodation,” Metin Goker, a retired civil servant from the capital city Ankara, told Xinhua.
As a 60-year-old free-spirited man, Goker and his wife have however found a way to spend several weeks of vacation at a much cheaper price by renting a camper van, or recreational vehicle (RV).
“Prices of a two-week holiday in a decent resort hotel can cost up to 60,000 lira (about 2,300 U.S. dollars) but with a motorhome, it’s a third of this amount,” Goker said.
The couple decided to upgrade to a medium-sized motorhome this year after renting a motor caravan last summer.
Since the COVID-19 pandemic, interest in caravans and motorhomes has soared in Türkiye. The nation’s economic woes amid the cost-of-living crisis and the declining national currency have also pushed Turks for cheaper holiday options.
Photo 1 – 4: People are seen taking a caravan vacation in Antalya, Türkiye, on July 2, 2023. (Photo by Mustafa Kaya/Xinhua)