Connect with us

Asia

ထိုင်းလွှတ်တော်က လာမည့်သီတင်းပတ်တွင် ဝန်ကြီးချုပ်ရွေးချယ်ရေး ဆန္ဒမဲပေးရန်လျာထား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်လွှတ်တော် အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသော အောက်လွှတ်တော်ဥက္ကဋ္ဌသစ် ဝမ် မူဟာမက် နူအာမာသာကို ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ လွှတ်တော်က လာမည့်သီတင်းပတ်တွင် ဝန်ကြီးချုပ်သစ်ရွေးချယ်ရန် နောက်ထပ်ဆန္ဒမဲပေးခြင်း ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝမ် မူဟာမက် နူအာမာသာက ဩဂုတ် ၁၆ ရက်၌ ပြောခဲ့သည်။

ဝန်ကြီးချုပ်ရွေးချယ်ခြင်း အစည်းအဝေးကို ဩဂုတ် ၂၂ ရက်၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း၊ အခြေခံဥပဒေတရားရုံးက Move Forward ပါတီ ခေါင်းဆောင် ပီတာ လင်ဂျာရိုအန်ရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းပြန်လည်တင်သွင်းမှုကို ပယ်ဖျက်ကြောင်း လွှတ်တော်ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုချက်ကို ဩဂုတ် ၁၆ ရက် အစောပိုင်းတွင် ပယ်ချလိုက်ကြောင်း သိရသည်။

တရားရုံးသို့လျှောက်ထားသူများက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူများ မဟုတ်သည့်အတွက် ၎င်းတို၏အခွင့်အရေးကို ချိုးဖောက်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် မကျေနပ်ကြောင်း အမှုဖွင့်ခွင့်မရှိကြောင်း ပြောကြားလျက် တရားရုံးက ယင်းအမှုအား ပြန်လည်ကြားနာရန် အသနားခံစာများကို လက်ခံခြင်းမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ဩဂုတ် ၁၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

Move Forward ပါတီသည် မေလရွေးကောက်ပွဲပြီးနောက် အောက်လွှတ်တော်တွင် အကြီးဆုံးပါတီအဖြစ် ပေါ်ထွက်လာခဲ့သည်။ သို့ရာတွင် ပီတာအနေဖြင့် ထိုင်းပါလီမန် ယခင်လွှတ်တော်နှစ်ရပ်အစည်းအဝေး၌ လုံလောက်သော ထောက်ခံမှုမရရှိခဲ့ခြင်းကြောင်း Move Forward ပါတီ ရှုံးနိမ့်ခဲ့ကာ ဖြူထိုင်းပါတီအား အစိုးရသစ်အဖွဲ့၌ ဦးဆောင်ခွင့်ပေးခဲ့ရသည်။
ဖြူထိုင်းပါတီက အောက်လွှတ်တော်တွင် တတိယအကြီးဆုံးပါတီဖြစ်သော Bhumjaithai ပါတီနှင့် မိတ်ဖက်အသစ်ပြုလုပ်မည်ဖြစ်ကာ အစိုးရသစ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

…………………………..
(English Version)
Thailand’s parliament schedules fresh vote on PM next week
BANGKOK, Aug. 16 (Xinhua) — Thailand’s parliament will convene next week for another vote to select a new prime minister, National Assembly President Wan Muhamad Noor Matha said on Wednesday.
The premier selection was scheduled for Tuesday next week after the Constitutional Court earlier in the day dismissed requests to review a parliamentary decision that rejected Move Forward Party leader Pita Limjaroenrat from being re-nominated as prime minister.
In a statement on Wednesday, the court said it unanimously decided not to accept the petitions for deliberation, citing that the petitioners’ rights were not violated as they were not nominated as prime ministerial candidates, and thus they did not have rights to file the complaint.
The Move Forward Party emerged as the largest party in the lower house of the National Assembly after the May election. However, Pita failed to secure the necessary support in the previous two bicameral sittings of the Thai parliament, leading to the Move Forward Party’s decision to step aside and allow the Pheu Thai Party to lead in forming a new government.
The Pheu Thai Party has announced a new alliance with the Bhumjaithai Party, the third-largest party in the lower house, to seek to form a new government.
Photo: Wan Muhamad Noor Matha, the new Speaker of the House of Representatives, delivers a speech at the House of Representatives in Bangkok, Thailand, July 4, 2023. (Xinhua/Rachen Sageamsak)