Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် အာဖရိကဒေသ ခေတ်မီအသွင်ပြောင်းမှုအတွက် အတူတကွဆောင်ရွက်သွားရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် တရုတ်-အာဖရိက ခေါင်းဆောင်များဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ဩဂုတ် ၂၄ ရက်က အရေးကြီးမိန့်ခွန်းပြောကြားခဲ့ပြီး ခေတ်မီအသွင်ပြောင်းရေးအတွက် တရုတ်နိုင်ငံနှင့် အာဖရိက အတူတကွ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အာဖရိကဒေသ၏ စက်မှုအသွင်ပြောင်းရေးအတွက် ပံ့ပိုးကူညီခြင်းဆိုင်ရာ အဆိုပြုချက် ကြေညာသွားမည်ဖြစ်ပြီး ယင်းမှာ အာဖရိကအား ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှုနှင့် စက်မှုအသွင်ပြောင်းမှုနှင့် စီးပွားရေး ပုံစံအမျိုးမျိုးပေါ်ပေါက်ရေးကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် တရုတ်-အာဖရိက ခေါင်းဆောင်များဆွေးနွေးပွဲ၌ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်အောက်ရှိ အစီအစဉ် ၉ ခုမှတစ်ဆင့် စက်မှုအသွင်ပြောင်းရေး အစီအစဉ်များအတွက် အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး စသည့်အရင်းအမြစ်များ ပိုမိုဖော်ဆောင်ပေးမည်ဖြစ်ကြောင်း အဆိုပြုချက်က အလေးထားဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖရိက၏ စိုက်ပျိုးရေးခေတ်မီအသွင်ပြောင်းမှုအတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီခြင်း အစီအစဉ်ကို ကြေညာသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက စားနပ်ရိက္ခာစိုက်ပျိုးရေး တိုးချဲ့ရန် အာဖရိကအား ကူညီသွားမည်ဖြစ်ကြောင်းနှင့် အာဖရိကတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တရုတ်ကုမ္ပဏီများကို တွန်းအားပေးမည်ဖြစ်ကြောင်း ရှီက ထည့်သွင်းပြောခဲ့သည်။

တရုတ်နိုင်ငံက ယခုနှစ်နိုဝင်ဘာလတွင် ဒုတိယအကြိမ် စိုက်ပျိုးရေးဆိုင်ရာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဟိုင်နန်ပြည်နယ်တွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ စားနပ်ရိက္ခာအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရန်လိုအပ်နေသော အာဖရိကနိုင်ငံအချို့ကို အရေးပေါ် စားနပ်ရိက္ခာအကူအညီ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံက အရည်အချင်းတိုးတက်မှုဆိုင်ရာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအတွက် အစီအစဉ်ကိုလည်း စတင်မည်ဖြစ်ကာ နှစ်စဉ် အာဖရိကဒေသအတွက် သက်မွေးဝမ်းကျောင်းကောလိပ်များမှ ကျောင်းအုပ်များနှင့် အရည်အချင်းရှိသော ကျောင်းဆရာ/ဆရာမ ၅၀၀ ဦးနှင့် နည်းပညာဆိုင်ရာဝန်ထမ်း ၁၀,၀၀၀ ဦးအား တရုတ်ဘာသာစကားနှင့် သက်မွေးဝမ်းကျောင်း အရည်အသွေးများ လေ့ကျင့်ပေးရန် စီစဉ်ထားကြောင်း ရှီက ဆိုသည်။

လာမည့်လတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် G20 တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေး အာဖရိကသမဂ္ဂကို ထောက်ခံပေးရန် တရုတ်နိုင်ငံက တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi urges China, Africa to join hands for modernization

JOHANNESBURG, Aug. 24 (Xinhua) — Chinese President Xi Jinping here on Thursday delivered a keynote speech at the China-Africa Leaders’ Dialogue and urged China and Africa to join hands for modernization.
China is willing to launch the Initiative on Supporting Africa’s Industrialization, which will support Africa in growing its manufacturing sector and realizing industrialization and economic diversification, Xi said.
The initiative stressed that through the nine programs under the Forum on China-Africa Cooperation, Belt and Road cooperation and the Global Development Initiative, China will channel more resources of assistance, investment and financing toward programs for industrialization.
China will launch the Plan for China Supporting Africa’s Agricultural Modernization, Xi said, adding that China will help Africa expand grain plantation and encourage Chinese companies to increase agricultural investment in Africa.
China will host the second Forum on China-Africa Cooperation in Agriculture in Hainan this November, said Xi, adding that China will provide additional emergency food assistance to some African countries in need to help Africa tackle the current food crisis.
China will also launch the plan for China-Africa Cooperation on Talent Development, planning to train 500 principals and high-caliber teachers of vocational colleges, and 10,000 technical personnel with both Chinese language and vocational skills for Africa every year, Xi said.
China will also work actively at the G20 summit next month to support the African Union’s full membership in the group, Xi said.
Photo 1: Chinese President Xi Jinping delivers a keynote speech at the China-Africa Leaders’ Dialogue in Johannesburg, South Africa, Aug. 24, 2023. (Xinhua/Huang Jingwen)
Photo 2: Chinese President Xi Jinping co-chairs with South African President Cyril Ramaphosa the China-Africa Leaders’ Dialogue in Johannesburg, South Africa, Aug. 24, 2023. (Xinhua/Zhai Jianlan)