Connect with us

Asia

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်က တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဆွဲဆောင်ရန် ကတိပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေထာ ထဝီဆင်ကို ၎င်းအားထောက်ခံသူများနှင့်အတူ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးသစ် ဆေထာ ထဝီဆင်က နိုင်ငံအတွင်း တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေးအတွက် ရည်ရွယ်ထားသော ဆောင်ရွက်ချက်များကို ထုတ်ပြန်မည်ဟု ဩဂုတ် ၂၅ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်ကြသော ဖူးခက်ကျွန်းသို့ တရုတ်ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်မှုမှာ ကပ်ရောဂါမတိုင်မီအဆင့်ကထက် လျော့နည်းနေဆဲဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအား ခရီးသွားနေရာအဖြစ် အားလုံး၏ ယုံကြည်မှုမြှင့်တင်မည် ဖြစ်သလို ပြည်ဝင်ခွင့်ကန့်သတ်မှုများကိုလည်း ဖြေလျှော့ပေးရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ဆေထာက ဖူးခက်ကျွန်းသို့ သွားရောက်စဉ် ပြောကြားချက်အား ကိုးကား၍ ဖြူထိုင်းပါတီ ထုတ်ပြန်ထားသည်။

ခရီးသွားကဏ္ဍသည် ကာလတိုအားဖြင့် ထိုင်းနိုင်ငံ စီးပွားရေး ပြန်လည်နာလန်ထူမှု၏ အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ဆေထာက မီးမောင်းထိုးပြထားသည်။
မကြာမီရောက်ရှိလာတော့မည့် ခရီးသွားရာသီနှစ်လအတွင်း ခရီးသွားဧည့်သည်အများအပြား ပြန်လည်ဝင်ရောက်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း ၎င်းက အလေးထားဖော်ပြခဲ့သည်။

ထို့ပြင် ၎င်းက ခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်ရေး ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ချင်းမိုင်နှင့် ဖူးခက်ကဲ့သို့ နာမည်ကျော် ခရီးသွားမြို့များရှိ လေဆိပ်များတိုးချဲ့ရေး အစီအစဉ်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဝင်ငွေအား ဘတ် ၁.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံခန့်) ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ဘတ် ၃.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံခန့်) အထိ မြင့်တက်လာရန် ရည်မှန်းထားကြောင်း ဆေထာက လူမှုမီဒီယာပေါ်၌ ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Thailand’s new PM pledges to woo more Chinese tourists
BANGKOK, Aug. 25 (Xinhua) — Thailand’s new Prime Minister Srettha Thavisin pledged on Friday to enact measures aimed at boosting the number of Chinese tourists to the country.
The Pheu Thai Party in a statement quoted Srettha as saying during his visit to the tourist island of Phuket and stressed the need to ease entry restrictions while enhancing overall confidence in Thailand as a travel destination.
Srettha highlighted the tourism sector as a key driver of economic recovery, particularly in the short term. With the upcoming peak tourist season in a couple of months, he emphasized the importance of collaborative efforts between the government and businesses to prepare for the anticipated influx of visitors.
He also revealed plans to expand airports in popular tourist cities such as Chiang Mai and Phuket, aiming to accommodate the anticipated surge in tourist arrivals.
In a social media post, Srettha set a goal to increase Thailand’s tourism revenue from 1.9 trillion baht (about 54 billion U.S. dollars) to 3.3 trillion baht (about 94 billion dollars) by 2024.
Photo: Srettha Thavisin interacts with supporters in Bangkok, Thailand, Aug. 22, 2023. (Xinhua/Rachen Sageamsak)