Connect with us

Sport

တရုတ်လှေလှော်အားကစားသမားများ ရွှေ တံဆိပ် ၄ ခု ဆွတ်ခူးရရှိ

တရုတ်နိုင်ငံ၊ ချိန်တူးမြို့၌ ကျင်းပသော ကမ္ဘာ့တက္ကသိုလ် အားကစားပြိုင်ပွဲတွင် အမျိုးသမီး ၈ ယောက်တွဲ လှေလှော်ပြိုင်ပွဲ၌ တရုတ်အသင်း ယှဉ်ပြိုင်နေမှု ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ချိန်တူးမြို့၌ ကျင်းပသောကမ္ဘာ့တက္ကသိုလ် အားကစားပြိုင်ပွဲ၌ ဩဂုတ် ၆ ရက်တွင် ပြီးဆုံးသည့် သုံးရက်ကြာ လှေလှော်ပြိုင်ပွဲတွင်ပေးအပ်ချီးမြှင့်သော ရွှေတံဆိပ် ၁၅ ခုအနက် တရုတ်လှေလှော်အားကစားသမားများက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အမျိုးသမီးနှစ်ယောက်တွဲ လှေလှော်ပြိုင်ပွဲတွင် တရုတ်အားကစားသမား Zhou Yuxiu နှင့် Zhang Peixin တို့သည် ပထမဆုံး ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ နယ်သာလန်နှင့် ဂျာမနီနိုင်ငံတို့မှ အားကစားသမားများက ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။တရုတ်နိုင်ငံမှ Song Chunxiao ၊ Zong Zhaoshan ၊ Liu Jiangyu နှင့် Xiao Yang တို့သည် စံချိန် ၆:၉.၄၆ ဖြင့် အမျိုးသား ၄ယောက်တွဲ အဖွဲ့လိုက် ဗိုလ်လုပွဲတွင် ၎င်းတို့၏ ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

“ကျွန်တော့်ရဲ့ အသင်းဖော်တွေအားလုံး ပြိုင်ပွဲမှာ အစွမ်းကုန် ကြိုးစားကြလို့ ဝမ်းသာပါတယ်” ဟု Song က ပြောကြားခဲ့သည်။တရုတ်နိုင်ငံမှ Zhang Shuxian၊ Liu Xiaoxin၊ Wang Zifeng နှင့် Xu Xingye တို့သည် အမျိုးသမီး၄ယောက်တွဲ ဗိုလ်လုပွဲတွင် စံချိန် ၆:၄၁.၀၅ ဖြင့် ပြိုင်ဘက်များကို အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။တရုတ်နိုင်ငံမှ အားကစားသမားများသည် အမျိုးသမီး ရှစ်ယောက်တွဲ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး အမျိုးသား ရှစ်ယောက်တွဲ ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ကြေးတံဆိပ်ဆု တစ်ခု ရရှိခဲ့သည်။ (Xinhua)
——————————–
Chinese athletes collect 4 rowing golds
CHENGDU, Aug. 6 (Xinhua) — The three-day rowing tournament at the Chengdu Universiade ended here on Sunday with China pocketing four out of 15 gold medals on offer and also bagging two silver and four bronze medals.
Chinese athletes Zhou Yuxiu and Zhang Peixin won the first gold in women’s pair of rowing tournament for the host. Athletes from the Netherlands and Germany obtained the silver and bronze medals respectively.
Song Chunxiao, Zong Zhaoshan, Liu Jiangyu and Xiao Yang took a convincing win over their opponents in 6:09.46 in men’s four final for the gold.
“I am happy that all my teammates make great efforts during the competition,” said Song.
Zhang Shuxian, Liu Xiaoxin, Wang Zifeng and Xu Xingye from China overwhelmed their opponents in 6:41.05 in women’s four final for the gold.
Chinese athletes also won the gold in women’s eight, and their male counterparts won a bronze in men’s eight final.
(1) Team China competes in the women’s eight at the Chengdu Universiade, August 4, 2023. (Xinhua/Cai Xiangxin)