Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် က ထျန်းကျင်းမြို့တွင် ရေကာတာများ တောင့်တင်းခိုင်မာစေရေး အလေးထားပြောကြား

ထျန်းကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်းက ရေကာတာများနှင့် တာတမံများကို တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ရန်နှင့် ရေဘေးကယ်ဆယ်ရေးလမ်းကြောင်းများကို ရှင်းလင်းထားရှိရန် ဩဂုတ် ၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ကျန်းက ဩဂုတ် ၅ ရက် တွင် ထျန်းကျင်းမြို့ရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် နေရာသို့ သွားရောက်ခဲ့ပြီး ရေပမာဏနှင့် ဆည်များ၏ တောင့်တင်းခိုင်မာမှုလုပ်ငန်းစဉ်တို့အား စစ်ဆေးခဲ့သည်။

မကြာသေးမီက ပေကျင်း၊ ထျန်းကျင်းမြို့ နှင့် ဟဲပေပြည်နယ် တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး Haihe မြစ်ဝှမ်းတွင် မြစ်အောက်ပိုင်း ရေလျှံမှုများအတွက် စိန်ခေါ်မှုများရှိလာကြောင်း ၎င်းကပြောကြားခဲ့သည်။

ရေဘေးအား ရင်ဆိုင်ဖြေရှင်းရာတွင် ပစ္စည်းကိရိယာများ အပြည့်အစုံ ပြင်ဆင်ထားရှိရန်၊ တာတမံများပေါ်တွင် ၂၄ နာရီ ကင်းလှည့်ရန်နှင့် နေထိုင်သူများကို စနစ်တကျ နေရာရွှေ့ပြောင်းရန် ကိုလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
————————–
Chinese vice premier stresses dam reinforcement in Tianjin
TIANJIN, Aug. 6 (Xinhua) — Chinese Vice Premier Zhang Guoqing on Saturday urged work to reinforce dikes and levees and keep flood relief channels clear.
Zhang, also a member of the Political Bureau of the Communist Party of China Central Committee, visited Tianjin on Saturday and went to the flood fighting front lines to check on water levels and dam reinforcement work.
Extremely heavy rainfall hit Beijing, Tianjin and Hebei recently, bringing challenges for downstream flood discharge in the Haihe River basin, he said.
He also urged full preparation of flood fighting equipment, 24-hour patrols on dikes and proper relocation of residents. ■