Connect with us

Africa & Middle East

အာဂျင်တီးနားနိုင်ငံ၌ အပေါ့စားလေယာဉ်ပျက်ကျမှုတွင် လူ ၂ ဦးသေဆုံး

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ လမ်းပေါ်တွင် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၀ ရက်က လူအနည်းငယ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ တောင်ပိုင်း၌ အပေါ့စားလေယာဉ်တစ်စင်း ဒီဇင်ဘာ ၁၆ရက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွင် သတင်းဖော်ပြခဲ့သည်။ဗျူနိုအေးရိစ် မြို့၏ အနောက်တောင်ဘက် ၁,၂၁၀ ကီလိုမီတာခန့်အကွာ၊ Neuquen ပြည်နယ်ရှိ Cutral Co မြို့ လေယာဉ်ကွင်းတစ်ခု၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာတွင် ဖော်ပြခဲ့သည်။
Cutral Co မြို့၊ မီးသတ်ဦးစီးမှူး Dario Campos က “မြူနီစပယ်လေယာဉ်ကွင်းမှာ နေထိုင်သူတွေဆီကနေ ဂရင်းနစ်စံတော်ချိန် မနက် ၇:၂၅ GMT (1025 GMT) မှာ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပါတယ်” ဟု ပြောကြားသည်။
“မီးလောင်နေတဲ့ လေယာဉ်ရဲ့ အပျက်အစီးတွေထဲမှာ ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိခဲ့ပါတယ်” ဟု Campos က ပြောကြားပြီး မီးငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဒေသတွင်းလေကြောင်းကလပ်၏ ဥက္ကဋ္ဌ Ceferino Sepulveda အပါအဝင် လေယာဉ်အမှုထမ်းနှစ်ဦး၏ အထောက်အထားများကို ကလပ်မှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။ (Xinhua)
————————-
#Argentina #BuenosAires #LightPlane
2 killed in Argentina light plane crash
BUENOS AIRES, Dec. 16 (Xinhua) — A light plane crashed in southern Argentina Saturday, killing both of the people on board, local media reported.
The crash occurred at an airfield in the city of Cutral Co, in Neuquen province, about 1,210 km southwest of Buenos Aires, said local media, citing police.
Cutral Co Fire Chief Dario Campos said they received “a call from residents at the municipal airfield at 7:25 a.m. (1025 GMT),” after they witnessed the impact and flames.
“We found remains of the plane on fire and two bodies inside,” Campos said, adding: “The fire was put out.”
A local aero club confirmed the identities of the two crew members, including the club’s president, Ceferino Sepulveda. Enditem
Few people are seen in the streets in Buenos Aires, Argentina, March 20, 2020.(Xinhua/Martin Zabala)