Connect with us

Europe

ယူကရိန်းက တာဝေးပစ် အသေခံဒရုန်းအမြောက်အမြား ထုတ်လုပ်မှုစတင်

ဥရောပသမဂ္ဂရုံးချုပ်သို့ အီးယူအဖွဲ့ဝင်နိုင်ငံများ အထူးထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိလာသော ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံက တာဝေးပစ် အသေခံဒရုန်း အမြောက်အမြား ထုတ်လုပ်မှု စတင်နေပြီဖြစ်ကြောင်း ယူကရိန်း မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းရေးရာဝန်ကြီး Oleksandr Kamyshin ၏ ပြောကြားချက်အား ကိုးကား၍ Ukrayinska Pravda မီဒီယာက ဒီဇင်ဘာ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။

“အဲဒီလိုဒရုန်းတွေ အမြောက်အမြား ကျွန်တော်တို့ ထုတ်လုပ်နေပါတယ်။ နောက်နှစ်တော့ ယူကရိန်းစစ်တပ်မှာ ဒီလိုဒရုန်းတစ်ထောင်ကျော် တပ်ဆင်နိုင်ပါပြီ” ဟု Kamyshin က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ဒရုန်းသစ်များသည် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ ကျော်အထိ ပျံသန်းနိုင်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယူကရိန်းနိုင်ငံက ယခုနှစ် ဒရုန်းထုတ်လုပ်ရေးအတွက် ယူကရိန်းငွေကြေး hryvnias ဘီလီယံ ၄၀ (အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံခန့်) သတ်မှတ်လျာထားကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယူကရိန်းအနေဖြင့် လာမည့်နှစ်တွင် ဒရုန်းအစင်းရေ ၁ သန်းခန့် ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ယခင်သီတင်းပတ်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Ukraine launches mass production of long-range kamikaze drones
KIEV, Dec. 27 (Xinhua) — Ukraine has launched mass production of long-range kamikaze drones, the Ukrayinska Pravda media outlet reported Wednesday, citing Ukrainian Strategic Industries Minister Oleksandr Kamyshin.
“We are manufacturing dozens of these drones. Next year, the Ukrainian Armed Forces are set to receive more than a thousand such drones,” Kamyshin told a press conference.
According to the official, the new drones have a flying range of more than 1,000 km.
This year, Ukraine has allocated 40 billion hryvnias (about 1.06 billion U.S. dollars) for drone production.
Last week, Ukrainian President Volodymyr Zelensky said that his country plans to produce about 1 million drones next year.
Photo: Ukraine’s President Volodymyr Zelensky arrives at the European Union headquarters in Brussels, Belgium, on Feb. 9, 2023 for the EU member states’ special summit. (Xinhua/Zheng Huansong)