Connect with us

Myanmar

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး ပမာဏအများအပြား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ်ဆေးဝါး ပမာဏအများအပြားအား တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ ၁၅၀ ကီလိုဂရမ်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုဂရမ်နှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့ ပါဝင်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ဘိန်းဖြူ ၅၁.၀၃ ကီလိုဂရမ်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅.၅၁ သန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၆ ရက်တွင် ကလေးမြို့နယ်အတွင်း ဘိန်းဖြူ ၁၃.၂ ကီလိုဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း ဘိန်းဖြူ ၈၉.၈ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ သယ်ဆောင် လာခဲ့ခြင်း ဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူ ၂၁ ဦးအား ဖမ်းဆီးမိခဲ့ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ (Xinhua)


…………………………….
(English Version)
Large haul of narcotics seized in Myanmar
YANGON, Nov. 21 (Xinhua) — Myanmar authorities have seized large amounts of narcotic drugs in the regions of Mandalay and Sagaing, the Central Committee for Drug Abuse Control (CCDAC) reported late Thursday.
The confiscated narcotics included over 150 kg heroin, over 5 million stimulant tablets, 412 kg ICE (methamphetamine) and 3 tons of caffeine, the report said.
On Nov. 5, authorities seized 51.03 kg heroin, 3 tons of caffeine, 5.51 million stimulant tablets and 412 kg ICE in Kale township of Sagaing region.
On Nov. 6, another 13.2 kg heroin was seized in Kale township and 89.8 kg heroin was seized in Chanmyathazi township of Mandalay region, the CCDAC said.
According to the investigation, the seized narcotics came from Shan state and 21 drug traffickers in connection with the case were arrested, it said.
The suspects have been charged under the country’s law, and further investigations were ongoing, it added. Enditem