Connect with us

Australia / Oceania

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးက အလွန်အရေးပါသည်ဟု နယူးဇီလန် ဝန်ကြီးချုပ်ဟောင်းများ ပြောကြား

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ နယူးဇီလန်ရှိ တရုတ်ကုန်သည်ကြီးများအသင်းက ကျင်းပသည့် "Vision 2025" စီးပွားရေးဆိုင်ရာ အခမ်းအနားတွင် နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဂျွန်ကီး အမှာစကား ပြောကြားနေပုံကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

နယူးဇီလန်-တရုတ် ဆက်ဆံရေး ခိုင်မာအားကောင်းခြင်းက နယူးဇီလန်နိုင်ငံအတွက် အလွန်အရေးပါသည်ဟု နယူးဇီလန် ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် ဂျွန်ကီးနှင့် ခရစ္စ ဟစ်ပ်ကင်တို့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သကဲ့သို့ ခရီးသွားများ၊ ကျောင်းသားများနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင်လည်း အဓိက အရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်ရှိနေကြောင်း နယူးဇီလန်နိုင်ငံရှိ တရုတ်ကုန်သည်ကြီးများအသင်းက ဒီဇင်ဘာ ၆ ရက်၌ ပြုလုပ်သည့် “Vision 2025” စီးပွားရေးဆိုင်ရာ အခမ်းအနား၌ ဂျွန်ကီးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးက နယူးဇီလန်နိုင်ငံ၏ အနာဂတ် စီးပွားရေးအတွက် အလွန်အရေးပါသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zrx

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ နယူးဇီလန်ရှိ တရုတ်ကုန်သည်ကြီးများအသင်းက ကျင်းပသည့် “Vision 2025” စီးပွားရေးဆိုင်ရာ အခမ်းအနားတွင် နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဂျွန်ကီး အမှာစကား ပြောကြားနေပုံကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

…………………
(English Version)
New Zealand former PMs say ties with China very important
Former New Zealand prime ministers John Key and Chris Hipkins have said that a sound New Zealand-China relationship is very important to their country.
At the “Vision 2025” business event held by the China Chamber of Commerce in New Zealand on Friday, Key said China remains New Zealand’s largest trading partner and a major source of tourists, students, and investment. Relationship with China is crucial for New Zealand’s economic future, said the former prime minister. xhtxs.cn/Zrx
English Caption
Former New Zealand Prime Minister John Key speaks at the “Vision 2025” business event held by the China Chamber of Commerce in New Zealand, in Auckland, New Zealand, Dec. 6, 2024. (Xinhua/Long Lei)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.