Connect with us

Asia

တောင်ကိုရီးယား အတိုက်အခံပါတီ ခေါင်းဆောင် တိုက်ခိုက်ခံရပြီးနောက် ဆေးရုံသို့ပို့ဆောင်ထား

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ခရီးစဉ်အတွင်း လည်ပင်းအား ဓားဖြင့်အထိုးခံရသဖြင့် မြေပြင်ပေါ်လဲကျနေသော တောင်ကိုရီးယား အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေးမြောင်အား ၂၀၂၄ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၏ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေးမြောင်သည် ဘူဆန်ဆိပ်ကမ်းမြို့သို့ ဇန်နဝါရီ ၂ ရက်၌ သွားရောက်လည်ပတ်စဉ် အမည်မသိအမျိုးသားတစ်ဦး၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ခရီးစဉ်အတွင်း လည်ပင်းအား ဓားဖြင့်အထိုးခံရသဖြင့် မြေပြင်ပေါ်လဲကျနေသော တောင်ကိုရီးယား အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေးမြောင်အား ၂၀၂၄ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ခရီးစဉ်အတွင်း လည်ပင်းအား ဓားဖြင့်အထိုးခံရသဖြင့် မြေပြင်ပေါ်လဲကျနေသော တောင်ကိုရီးယား အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေးမြောင်အား ၂၀၂၄ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ခရီးစဉ်အတွင်း လည်ပင်းအား ဓားဖြင့်အထိုးခံရသော တောင်ကိုရီးယား အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေးမြောင်အား ဆေးရုံသို့ပို့ဆောင်နေသည်ကို ၂၀၂၄ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဆန်မြို့တွင် ဒေသစံတော်ချိန် နံနက် ၁၀:၂၇ နာရီခန့်က သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေသော လီသည် လည်ပင်းဘယ်ဘက်ခြမ်းအား အချွန်ဖြင့်ထိုးနှံခံခဲ့ရ၍ သွေးထွက်ကာ လဲကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သူက လီအား အမှတ်တရလက်မှတ်ရေးထိုးပေးရန် ပြောကြားလျက် အနားကပ်လာစဉ် လီ၏ လည်ပင်းဘယ်ဘက်ခြမ်းကို အချွန်ဖြင့်ထိုးနှံခဲ့ခြင်းကို ဗီဒီယိုပြကွက်များ၌ ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာသို့ ရဲများမရောက်ရှိမီ လီ၏ အနီးဝန်းကျင်ရှိသူများက တိုက်ခိုက်သူအား မြေပြင်ပေါ်သို့ တွန်းလှဲခဲ့ကြသည်။
တိုက်ခိုက်သူ ကိုင်ဆောင်ထားသော ဓားမှာ အနည်းဆုံး အလျား ၂၀ စင်တီမီတာရှိကြောင်း ယွန်ဟပ်သတင်း၌ ဖော်ပြထားသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး မိနစ် ၂၀ ခန့်အကြာတွင် လီအား သတိရှိလျက်အနေအထားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
S. Korea’s opposition party chief taken to hospital after being attacked
SEOUL, Jan. 2 (Xinhua) — Lee Jae-myung, chief of South Korea’s main opposition Democratic Party, was attacked by an unidentified man with a knife during his visit to the country’s southeastern port city of Busan Tuesday, according to multiple local media reports.
While taking questions from reporters in Busan at about 10:27 a.m. local time (0127 GMT), Lee was stabbed on the left side of his neck and collapsed on the floor with blood.
The attacker approached Lee asking for an autograph and stabbed him in the left neck, video footage showed.
People around Lee wrestled the attacker to the ground before the police arrested him at the scene.
According to Yonhap news agency, the knife possessed by the attacker was at least 20 centimeters long.
About 20 minutes after the attack, Lee was taken to a hospital in a conscious state.
Photo 1, 2, 3: Lee Jae-myung, chief of South Korea’s main opposition Democratic Party, lies on the ground after being stabbed in the neck during his visit to Busan, South Korea, Jan. 2, 2024. (NEWSIS via Xinhua)
Photo 4: Lee Jae-myung, chief of South Korea’s main opposition Democratic Party, is rushed to a hospital after being attacked during his visit to Busan, South Korea, Jan. 2, 2024. (NEWSIS via Xinhua)