China
တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒက နိုင်ငံ ၆ နိုင်ငံမှ ခရီးသွားများအတွက် အဆင်ပြေချောမွေ့စေ
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် မလေးရှား စသည့်နိုင်ငံများမှ လူဦးရေ ၂၁၄,၀၀၀ ခန့် လာရောက်ခဲ့ကြောင်း၊ ယင်းပမာဏမှာ နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ၂၈.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသား လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှုဦးစီးဌာန (NIA) ထံမှ သိရသည်။
အဆိုပါနိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအတွက် တရုတ်နိုင်ငံ၏ တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် ဒီဇင်ဘာ ၁ ရက်က စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး ယင်းနိုင်ငံများမှ ပြည်တွင်းခရီးသွားများအား လွယ်ကူအဆင်ပြေစေကြောင်း သိရသည်။
ပြည်တွင်းခရီးစဉ်များအနက် ခရီးသည် ၁၁၈,၀၀၀ ဦးမှာ ဗီဇာမလိုသည့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ထိုကာလအတွင်း နိုင်ငံခြောက်နိုင်ငံမှ ပြည်တွင်းခရီးစဉ်များအားလုံး၏ ၅၅.၁ ရာခိုင်နှုန်းရှိကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာသူ ၉၁,၀၀၀ ခန့်မှာမူ ခရီးသွားခြင်းနှင့် စီးပွားရေးလုပ်ငန်းအတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဗီဇာကင်းလွတ်ခွင့်မူဝါဒကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း နန်နင်းမြို့ရှိ ဆိပ်ကမ်းများတွင် ပြည်တွင်းခရီးသွား အမြောက်အမြား ဝင်ရောက်ခဲ့သည်။ လူဦးရေ ၂,၈၀၀ နီးပါးရှိသော ပြည်တွင်းခရီးသွားအဖွဲ့ ၁၂၁ ဖွဲ့သည် ဒီဇင်ဘာလအတွင်း နန်နင်းမြို့ရှိ ဆိပ်ကမ်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ဗီဇာကင်းလွတ်ခွင့် လက်ခံကျင့်သုံးချိန်မှစ၍ ပေကျင်းမြို့ရှိ ဆိပ်ကမ်းများတွင် နိုင်ငံအသီးသီးမှ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာသူ ၁၂,၀၀၀ ကျော် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်နှင့် နေထိုင်ရေးအတွက် လာရောက်မည့် နိုင်ငံခြားသားများကို ပိုမိုအဆင်ပြေစေရန် ပြည်ဝင်-ပြည်ထွက် စီမံခန့်ခွဲမှုမူဝါဒများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည်ဟု NIA က ကတိပြုထားကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
China’s visa-free policy facilitates travels from six countries
BEIJING, Jan. 1 (Xinhua) — Around 214,000 people from France, Germany, Italy, the Netherlands, Spain, and Malaysia entered China in December 2023, an increase of 28.5 percent compared with November, according to the National Immigration Administration (NIA).
China’s unilateral visa-free policy for ordinary passport holders from these countries took effect on Dec. 1, facilitating inbound travels from there.
Of these inbound trips, 118,000 were made by ordinary passport holders without a visa, accounting for 55.1 percent of all inbound trips from the six countries during this period. Around 91,000 visa-free entries were made for travel and business.
Thanks to the visa-free policy, ports in the southern Chinese city of Nanning welcomed many inbound travelers. Data showed that 121 inbound travel groups of nearly 2,800 people entered China through ports in Nanning in December.
Since the inception of the visa-free policy, ports in Beijing had, by Dec. 31, witnessed more than 12,000 visa-free entries from the relevant countries.
The NIA pledged more optimized entry-exit management policies for foreigners to facilitate their business, study, work, and life in China.
Photo: This aerial photo taken on April 30, 2023 shows tourists visiting the ancient city wall scenic spot in Xi’an, northwest China’s Shaanxi Province. (Xinhua/Liu Xiao)