Connect with us

Asia

မလေးရှားနိုင်ငံတွင် မြေပြိုကျမှုဖြစ်ပွားပြီး ရာသီဥတုဆိုးဝါးခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်တွင် မြေပြိုကျမှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်တွင် မြေပြိုကျမှုဖြစ်ပွားပြီးနောက် ကျန်ရှိနေသော နစ်မြုပ်နေသူ ၃ ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရာသီဥတုဆိုးဝါးသည့်အခြေအနေကြောင့် ဇန်နဝါရီ ၂၆ ရက် ဒေသစံတော်ချိန် ည ၇ နာရီ၌ ရပ်ဆိုင်းထားရကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၇ နာရီတွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါဟန်းပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Md Gezani Md Ghazi က ပြောကြားခဲ့သည်ကို မလေးရှားနိုင်ငံပိုင် သတင်းအေဂျင်စီ Bernama ၌ ဖော်ပြထားသည်။

“မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရာသီဥတုအခြေအနေဆိုးဝါးနေပြီး မြေပြင်အနေအထားကလည်း အန္တရာယ်များပြီး စိတ်မချရဘူးဖြစ်လာတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

Cameron Highlands ခရိုင်၌ မြေပြိုမှုအတွင်း မြန်မာနိုင်ငံသား ၅ ဦး မြေအောက်နစ်မြုပ်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများမှာ အဆိုပါ ခရိုင်ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း ခရိုင် ဒုတိယရဲမှူး Azri Ramli က ပြောခဲ့သည်။ (Xinhua)

………………………….
(English Version)
Search, rescue suspended due to bad weather following Malaysian landslide
KUALA LUMPUR, Jan. 26 (Xinhua) — Search and rescue operation for the remaining three victims following a landslide in Malaysia’s Pahang state on Friday was suspended at 7:00 p.m. local time due to bad weather.
According to Malaysian national news agency Bernama, Pahang Fire and Rescue Department Deputy Director Md Gezani Md Ghazi said operation will continue at 7:00 a.m. on Saturday. “Heavy rain has led to adverse weather conditions, and the soil structure has become unsafe and risky,” he added.
In the landslide struck Cameron Highlands district, five Myanmar nationals were feared buried and two bodies of the five victims had been found.
District Police Chief Deputy Superintendent Azri Ramli said the victims were employed in vegetable farms there.
Photo: This photo taken on Jan. 26, 2024 shows rescuers working at the site of a landslide in Pahang state, Malaysia. (Fire and Rescue Department of Malaysia/Handout via Xinhua)