Connect with us

Social, Education & Health

တရုတ်နိုင်ငံ မကာအိုဒေသ၏ ခရီးသွားလုပ်ငန်းကိန်းဂဏန်းများက တရုတ်နှစ်သစ်ကူးကာလအတွင်း တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသရှိ စိန့်ပေါလ်အထိမ်းအမှတ်နေရာရှေ့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ဆင်နွှဲရန် ခြင်္သေ့အကများဖြင့် တင်ဆက်ကပြနေသော အနုပညာရှင်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ခရီးသွားလုပ်ငန်းရုံး (MGTO) ၏ ကိန်းဂဏန်းများအရ ခရီးသွားဧည့်သည်များ လာရောက်မှုမှာ ဖေဖော်ဝါရီ ၁၂ ရက်တွင် ၂၁၀,၀၀၀ ဦးရှိခဲ့ရာ ၂၀၂၃ ခုနှစ်မှစ၍ တစ်နေ့တည်း ခရီးသွားဧည့်သည်ဝင်ရောက်မှု စံချိန်တင်မြင့်မားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အတွင်း မကာအိုသို့ လာရောက်ကြသော ခရီးသွားဧည့်သည်များမှာ ပျမ်းမျှ ၁၆၇,၀၀၀ ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလနှင့် နှိုင်းယှဉ်ပါက ၂၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………………………..
Macao’s tourism figures hit record high during Chinese New Year
MACAO, Feb. 16 (Xinhua) –According to Macao Government Tourism Office (MGTO) statistics, visitor arrivals to the city on Monday exceeded 210,000, surpassing the single-day arrival record since 2023.
The data also showed that the city’s daily average arrivals reached 167,000 during Feb. 10-12, seeing a significant increase of 226 percent compared to the Chinese New Year holiday in 2023.
Photo: Artists perform lion dances to celebrate the Chinese Lunar New Year in front of the Ruins of St. Paul’s in south China’s Macao on Feb. 11, 2024. (Xinhua/Cheong Kam Ka)