Connect with us

Asia

၂၀၂၄ ခုနှစ် စင်ကာပူလေကြောင်းပြပွဲ ကျင်းပလျက်ရှိ

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ပြပွဲစင်တာတွင် စင်ကာပူလေကြောင်းပြပွဲ ခင်းကျင်းပြသမှုအား လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် စင်ကာပူလေကြောင်းပြပွဲကို စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ပြပွဲစင်တာတွင် ကျင်းပလျက်ရှိပြီး စီးပွားရေးလုပ်ငန်းသုံးနှင့် စစ်ဘက်သုံး အဆင့်မြင့်လေယာဉ်များကို ခင်းကျင်းပြသထားပြီး အံ့ဖွယ် လေယာဉ်အလှပြပျံသန်း တင်ဆက်မှုများလည်း ထည့်သွင်းခဲ့သည်။

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ပြပွဲစင်တာတွင် ပြုလုပ်သော စင်ကာပူလေကြောင်းပြပွဲ၌ ခင်းကျင်းပြသမှုအတွင်း တောင်ကိုရီးယားလေတပ်၏ လေယာဉ်အလှပြပျံသန်းရေးအဖွဲ့ Black Eagles ၏ တင်ဆက်မှုကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ လေကြောင်းပြပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ကာ ဖေဖော်ဝါရီ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ယင်းပြပွဲသို့ ကုမ္ပဏီပေါင်း ၁,၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး နိုင်ငံနှင့် ဒေသ ၅၀ ကျော်မှ ဝယ်ယူသူ ၅၀,၀၀၀ အား ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
……………………………………..
Asia Album: Highlights of Singapore Airshow 2024
SINGAPORE, Feb. 23 (Xinhua) — Singapore Airshow 2024 came to its third day on Thursday at Singapore’s Changi Exhibition Center, displaying more advanced commercial and military aircraft with incredible aerobatic flying performances.
The airshow kicked off on Tuesday and will last until Feb. 25. It is attended by over 1,000 participating companies and is expected to attract 50,000 trade attendees from over 50 countries and regions.
Photo 1: Visitors view the exhibits at the static display of the Singapore Airshow held in Singapore’s Changi Exhibition Centre on Feb 22, 2024. (Photo by Then Chih Wey/Xinhua)
Photo 2: South Korea Air Force’s aerobatic team Black Eagles performs during the aerial display of the Singapore Airshow held in Singapore’s Changi Exhibition Centre on Feb 22, 2024. (Photo by Then Chih Wey/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.